ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ရေဘေးကာလအတွင်း စစ်ကောင်စီက စစ်လက်နက်ပစ္စည်းတွေ ဆက်တိုက်ဖြည့်တင်းနေတယ်လို့ CDM ပြုလုပ်လာတဲ့ အရာရှိတွေကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုမို အားပြုဖို့ စစ်ကောင်စီက စစ်လက်နက်ပစ္စည်းတွေကို ရုရှားနဲ့ အန္ဒိယနိုင်ငံတွေကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က လေကြောင်းကနေတဆင့် လာရောက်ပို့ဆောင်သွားတယ်လို့ လေတပ်မှ CDM ပြုလုပ်လာသူ တပ်ကြပ်ကြီး နေဝင်းအောင်ကဆိုပါတယ်။
“ရေဘေးဖြစ်နေတဲ့အချိန်မှာ နေဲပြည်တော်ကို ရုရှားကနေ ကုန်တင်လေယာဉ်နှစ်စင်းရောက်လာတယ် ကုန်တင်လေယာဉ်တွေက အကြီးကြီးတွေဖြစ်တဲ့အတွက် Mi-17 လိုတိုက်ခိုက်ရေးလေယာဉ်တွေတောင်တင်လို့ရတယ်လို့ “CDM ပြုလုပ်ထားသူ တပ်ကြပ်ကြီး Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေဘေးအကြောင်းပြကာ အန္ဒိယနိုင်ငံက စစ်လေယာဉ်တွေ လာရောက်ခဲ့ကြောင်း တပ်ကြပ်ကြီးကပြောပါတယ်။
စစ်ကောင်စီဟာ သဘာ၀ဘေးကိုအကြောင်းပြကာ တရားမဝင်တဲ့ လမ်းကြောင်းတွေကတဆင့် စစ်လက်နက်ပစ္စည်းတင်သွင်းမှုတွေကို အခုလိုအချိန်မှာ အသုံးချတတ်ကြောင်း CDM အရာရှိတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရ နာဂစ်မုန်တိုင်းကာလတုန်းကလည်း ပြည်ပကနေလာရောက်တဲ့ အကူအညီတွေ ပုံစံမျိုးနဲ့ စစ်လက်နက်တွေ တင်သွင်းခဲ့ဖူးတယ်လို့ CDM အရာရှိတွေက ၎င်းတို့ရဲ့ အတွေ့အကြုံကို မျှဝေပါတယ်။
လက်ရှိမှာ လေကြောင်းအတွက် စစ်လက်နက်တွေဆက်တိုက်ဖြည့်တင်းနေပြီး ရှမ်းမြောက်၊မန္တလေးအနီးတစ်ဝိုက်နဲ့ ကရင်နီဒေသတွေကို အကြမ်းဖက်ဗုံးကြဲမှုတွေ ပိုမိုလုပ်ဆောင်မယ့် စစ်ဆင်ရေးတွေ ရှိနေတယ်လို့ တပ်တွင်းကရရှိလာတဲ့ သတင်းတွေကို အခြေခံပြီး အသိပေးပါတယ်။
ဒါ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေအားလုံး လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ဖို့ CDM အရာရှိတွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်၊ မိုးမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဆိုင်းတောင်အနီးက လူနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
Read More

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ပါဝင်ဆင်နွှဲနေတဲ့ ရန်ကုန်တိုင်းစစ်ဌာနက ရဲဘော်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ နဲ့ တပ်ရင်း ၅၁၀၂ က ရဲဘော်တွေပ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားတဲ့အနေနဲ့ "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ" စာတမ်းပါအင်္ကျီတွေ ဝတ်ဆင်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ပါဝင်ဆင်နွှဲခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဒိုက်ဦး ခမရ ၄၄၀ မှ စစ်မှုထမ်းဆင်းစစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတဲ့ မုဒုံက စစ်ကောင်စီရဲ့ အမတ – ၃၁၈ ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ-၃၁၈ ဟာ သူတို့အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး၊ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က သတင်းထုတ်ပြန်ထားပါတယ်။