မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၂ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာလေယာဥ်၂စီးက ခြေဆေးကျေးရွာကို ဗုံးသီး၃လုံးကြဲချရင်း စက်လက်တွေနဲ့ပါ ပစ်ခတ်သွားတာဖြစ်ပါတယ်။

“ဒီနေ့မနက် ၈နာရီလောက်မှာ ဂျက်ဖိုက်တာ ၂စင်းနဲ့လာပြီး ၁စင်းက ဗုံး၃လုံးကြဲတယ်။ နောက်၁စင်းက စက်လက်နဲ့ ၄ကြိမ်ပစ်ပါတယ်။ နောက်ထပ် မနက် ၁၁နာရီလောက်မှာလည်း ဗုံးသီး၃လုံးလာချပြီး စက်လက် ၂ခါပစ်သွားပါသေးတယ်။ မိတ္ထီလာရှမ်းတဲဘက်က တက်တာပဲ ဖြစ်မယ်ဗျ။ တိုက်ပွဲမရှိဘဲနဲ့ သက်သက်ကိုချတာပါ။ PDF တွေရှိမယ်အထင်နဲ့ ချတာပါ။” လို့ ရွှေညာမြေအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဗုံးထိမှန်ခဲ့လို့ အမျိုးသမီး ၃ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူတို့ထဲက ၁ယောက်က ချက်ချင်းသေဆုံးသွားခဲ့ကာ ကျန်တဲ့ ၂ယောက်လည်း စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နွားအုပ်ပေါ်ပါ ဗုံးကျခဲ့လို့ နွား၂၈ကောင်လည်း​ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကိုယ်ဝန်နဲ့တစ်ယောက်လည်း ထိတယ်။ ကျန်တဲ့သူတွေက ​ခြေထောက်ပြတ်တာနဲ့ ခါးရိုးထွက်တာနဲ့ အမျိုးသမီးတွေပါပဲ။ ၁ယောက်သေတယ်။ ၂ယောက်စိုးရိမ်ရတယ်။ နောက်ပြီး ခိုင်းနွားနဲ့ အိမ်မွေးနွား ၂၈ကောင်သေလို့ ကာလတန်ဖိုး ကျပ်သိန်း ၃၅၀ ကျော်ဖိုးဆုံးရှုံးသွားတယ်” လို့ ရွှေညာမြေ တာဝန်ခံ က မောင်းကိုပြောပါတယ်။

စစ်ကောင်စီထောက်ခံသူ ဝါဒဖြန့်လော်ဘီတွေရဲ့ ဖိအားပေး တောင်းဆိုမှုနဲ့အတူ စစ်တပ်က ထိတွေ့တိုက်ပွဲရှိရာဒေသတွေမှာ တိုက်ပွဲရှောင်နေတဲ့ အရပ်သားကျေးရွာတွေကိုပါ မဆီမဆိုင် ရည်ရွယ်ချက်ရှိရှိနဲ့ လေ​​ကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို ရှိနေပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO) နဲ့အတူတော်လှန်ရေးတပ်တွေ အားကောင်းလာတာနဲ့အမျှ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်ပြီး ခုခံတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံနဲ့ ငါန်းဇွန်စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက တိုက်ပွဲရှိရှိမရှိရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိမယ်အထင်နဲ့ အရပ်သားကျေးရွာတွေထဲ လေယာဥ်နဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတဲ့အတွက် နေ့စဥ်နဲ့အမျှ  နေအိမ်၊ စာသင်ကျောင်းတွေနဲ့ သာသနိကအဆောက်အဦးတွေ ထိခိုက်ပျက်စီးနေရတာလည်း ဖြစ်ပါတယ်။

စစ်တပ်လက်နက်ကြီးထိမှန်တဲ့အရပ်သားတွေ၊ လေကြောင်းထိမှန်တဲ့ အရပ်သားတွေ နေ့စဥ်နဲ့အမျှ ရှိနေတဲ့အတွက် လမ်းပိုင်းဆိုင်ရာသတိပေးမှုတွေ၊ လေကြောင်းအကာအကွယ်တွေ ပြင်ဆင်ထားကြဖို့လည်း ဒေသတွင်းတော်လှန်ရေးအင်အားစုတချို့က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

စစ်ကောင်စီရဲ့ လေယာဉ်တွေကို ရပ်တန့်ဖို့ AirBus2AirStrikes Campaign မှာ ပူးပေါင်းပါဝင်ကြပါ

AirBus2AirStrikes Campaign မှာ ပြည်သူတွေ နိုင်တဲ့ဘက်က ပိုမိုအားဖြည့်ပြီး ပါဝင်ပေးမှသာ တော်လှန်ရေးခရီးအောင်မြင်မှာဖြစ်တယ်လို့ Blood Money Campaign က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီကနေ ဥရောပရဲ့ အင်အားကြီး…
Read More

စစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးသည့် တပ်ကြပ်ကြီးဟောင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့အထွက်မှာ စစ်ဆေးမှုကိုလက်မခံဘဲ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ကြပ်ဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။
Read More

နွားထိုးကြီးနှင့် မလှိုင် တိုက်ပွဲများအတွင်း စစ်တပ် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ အယောက် ၄၀ ထက်မနည်းသေပြီး သုံးပန်း ၉ ဦးနှင့် လက်နက်ခဲယမ်းအများအပြား ရရှိခဲ့၊ စစ်အုပ်စုထိုးစစ်ကို အကောင်းဆုံးခုခံရင်း ပြန်လည်ထိုးစစ်နိုင်ခဲ့ခြင်းဟု PDF များ ပြော

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေမှာ ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ခုခံရင်း စစ်အုပ်စုဘက်က အရာရှိတွေ အပါအဝင် အယောက် ၄၀ ထက်မနည်း ထိခိုက်သေဆုံးကာ စစ်သုံ့ပန်း ၉ယောက်နဲ့ လက်နက်ခဲယမ်း အများအပြားရရှိတဲ့အထိ ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း (၂) ဦး သတ်ဖြတ်ရန် ကြံစည်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးမြို့နယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင်နဲ့ ကိုမင်းသူစိုးတို့ကို တခြား ရာဇဝတ်အကျဉ်းသားအုပ်စုက သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။