ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
GEMS collection ကတဆင့် ထောက်ပို့ပြည်သူတွေက ထောက်ပံ့တဲ့ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ကျည်ကာ၊ ကျည်ကာဦးထုပ်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂) ထံ ရောက်ရှိလာပြီလို့ ဖော်ပြထားပါတယ်။
မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ပစ္စည်းတွေရောက်ဖို့ အချိန်ကြာမြင့်ခဲ့ရာက ရောက်ရှိလာပြီဖြစ်လို့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ဆိုပါတယ်။
စစ်အသုံးအဆောင်ပစ္စည်းတွေ ထပ်မံရောက်ရှိလာဖို့ ရှိနေသေးပြီး စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။
ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ကနီဒေသမှာ စစ်ကောင်စီကို မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အရာတော်က အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) ဆီက သိရပါတယ်။
Read More

NUG အစိုးရ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး အပြုသဘော ဝေဖန်ထောက်ပြမှုများကို ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပြောကြား… ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံပြုချက်များ ရယူနေဟု ဆို…

"အမျိုးသားညီညွတ်ရေးအစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ယခုထက်ပိုမိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း လေ့လာဆန်းစစ်သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ စုဆောင်းလျက်ရှိနေပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေမှုတွေကို ထူးခြားမှုရှိရင် ရှိသလို ပြည်သူလူထုကို အသိပေးတင်ပြသွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားထားပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးကုန်တယ်လို့ ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။ 
Read More

ပြည်သူတွေရင်ထဲ စွဲမြဲနေမယ့် အနုပညာတွေ ဖန်တီးကြဖို့ အနုပညာကို အကျဉ်းချထားတဲ့ မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချပြီး အနုပညာဖန်တီးခွင့်တွေကို ထိန်းချုပ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်စဉ် ပြောဆိုခဲ့ပါတယ်။
Read More

ဧရာဝတီတိုင်းက စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရသူတွေကို အကြမ်းဖက်စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်…

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အတင်းအဓမ္မ စုဆောင်းခံထားရသူတွေနဲ့ စားဝတ်နေရေးအဆင်မပြေလို့ စစ်မှုထမ်းဖို့ အခကြေးငွေယူကာ စစ်တပ်ထဲ ဝင်ခဲ့ရသူတွေကို စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။