ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး – KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁)ရက်ကနေ (၂၈)ရက်အထိ ညောင်လေးပင်ခရိုင်အတွင်း ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၂၆၁)ရွာ ရေလွှမ်းမိုးခံခဲ့ရပြီး လယ်သမား စုစုပေါင်း (၄,၃၃၀) ရဲ့ စပါးစိုက်ပျိုးတဲ့ လယ်ဧကပေါင်း ၃၉၇၃၄.၇၆ ဧက အနက် ၂၀၈၉၇.၂၁ ဧက ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပျက်စီးသွားတဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို ညောင်လေးပင်ခရိုင် လယ်ယာ စိုက်ပျိုးရေးဌာနက စာရင်းပြုစုခဲ့ရာ မြေဧကပေါင်း ၄၀၅.၈ ဧကရှိပြီး သူတို့အတွက် မျိုစပါး (၁,၂၁၉) တင်းနဲ့ ဓာတ်ဆီဂါလံပေါင်း (၈၁၂) ဂါလံ  လိုအပ်နေတယ်လို့ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင်၊ လယ်ယာစိုက်ပျိုးရေးဌာနက စက်တင်ဘာလ (၁၉) ရက်ကစလို ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် လယ်ယာ ပျက်စီးမှုတွေထဲက ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေ လိုအပ်တဲ့ မျိုးစပါးတွေကို စတင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၀) ရက်က စတင်ကာ အခုချိန်အထိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ ဒုတိယအကြိမ် ရေကြီးရေလျှံမှုဟာ ပထမအကြိမ် ရေကြီးရေလျှံမှုထက် လယ်စပါးစိုက်ခင်းတွေ ပိုပျက်စီးခဲ့သလို ထပ်တိုးပျက်စီးတဲ့ လယ်ဧကတွေကို KNU ညောင်လေးပင်ခရိုင် ၊ လယ်ယာစိုက်ပျိုးရေးဌာနက စာရင်း ပြုစုနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ − KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါး ပေးအပ်နေတဲ့ ပုံရိပ်များ

0 Shares:
You May Also Like
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ ၂ယောက် နေအိမ်ထဲအထိ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ၂ယောက်ကို သေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ရာ နေရာတင် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၂၃ရက်၊ မနေ့က ညပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်အောင်ဆိုသူနဲ့ သမီးဖြစ်သူ မဝင်းနုခိုင် (ခ) မကေတို့ နေအိမ်အတွင်းရှိနေချိန် လူ၄ယောက်က ဆိုင်ကယ်၂စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ၈ချက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနားကို မေလ ၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး၊ စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။