ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မင်းလမ်းသံဆိပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးထားတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က ရွှေကျင်မြို့၊ သံဆိပ်ရွာနဲ့ တုံးတံတားရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသား ၁ ယောက်ကို သတ်ဖြတ်ကာ သံဆပ်ရွာက ရွာသား အယောက် ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ရွာထဲက နေအိမ်တစ်အိမ်မှာ သော့ပိတ်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“စကစက လူသားဒိုင်းလုပ်ဖို့ ရည်ရွယ်ပုံရပါတယ်။ ရွာသား ၂၀ လောက် ဖမ်းထားတယ်လို့ စကစဘက်က ဖရဲသီးသတင်းပို့လာလို့ ဆက်စုံစမ်းကြည့်တာ အမှန်ဖြစ်နေပါတယ်။ လက်ရှိ သတင်းထပ်ရတာက အယောက် ၅၀ လောက်ဖမ်းခံထားရပါတယ်။” လို့ မြေပြင် တော်လှန်ရေးရဲဘော်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်က အသတ်ခံလိုက်ရတဲ့ သူဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နေ့လည် ၁၂ နာရီဝန်းကျင်အချိန်မှာ အသတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေကို ဖမ်းဆီးထားတဲ့ မင်းလမ်းသံဆိပ်ကျေးရွာမှာ စစ်ကောင်စီအင်အား ၁၅၀ ခန့်ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သူနဲ့ ပြည်သူတွေ အဖမ်းခံရတဲ့နေအိမ်

0 Shares:
You May Also Like
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် ဗဟိုကော်မတီဝင် တွေ့ဆုံ၊ စစ်ရေးနဲ့ အုပ်ချုပ်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အချုပ်ခန်းတွင် လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများကို အပြစ်ပေး အရေးယူမှု စတင်လုပ်ဆောင်နေပြီ ဟု NUG ပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းမှု တရားခံအဖြစ် စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။
Read More

ရေဘေးသင့် ပြည်သူတွေကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက သွားရောက်ကူညီထောက်ပံ့ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း - 3702 (PDF) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေ ၊ ရေဘေးရှောင်နေကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို အားပေးစကားပြောကြားခြင်း ၊ အခြေခံစားသောက်ကုန်တွေ သွားရောက်ကူညီပေးခြင်းတွေကို တပ်ရင်း တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေက ကွင်းဆင်းကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

မုံရွာတွင် ဆက်ကြေးကောက်ရန်ထွက်လာသည့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါ ရဲ ၄ ဦး သေဆုံး

စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်မှာ အိမ်စီးကားတစီးနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ရာ ရဲအရာရှိ ၃ ယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team ထံက သိရပါတယ်။