ပြည်ပကို ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင် ကျားပေါက်(ဟန်ထူးလွင်)ရဲ့ ပန်းချီကား ကို။ USD  10,000 နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည် ရေဘေးအတွက် ရည်ရွယ်ပြီးပြုလုပ်တဲ့ အလှူလေလံ ကျားပေါက်ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ပန်းချီကားဟာ USD 10,000 ထိ လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။

လေလံအောင်မြင်သွားသူဟာ အမေရိကန်နိုင်ငံ Los Angeles က ဖြစ်ပြီး မကြာခဏ တော်လှန်ရေးလုပ်ငန်းတွေမှာကူညီအားဖြည့်နေတဲ့သူလို့လည်းဆိုပါတယ်။

မြန်မာပြည် ရေဘေးအတွက် ရည်ရွယ်ပြီး Artist ကျားပေါက် ရေးဆွဲထားတဲ့ Mother Nature (II) အမည်ရှိ ပန်းချီကားကို ကြမ်းခင်းစျေး USD 1,000 နဲ့ စက်တင်ဘာ ၁၅ရက်က စတင်ခဲ့တာဖြစ်ပါတယ်။

ပန်းချီကားကနေ ရရှိလာတဲ့ငွေကြေးတွေကိုတော့ ရေဘေးသင့်နဲ့ စစ်ဘေးရှောင်ဒေသတွေမှာ အဓိကလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
Read More

စစ်ကော်မရှင် လေ့ကျင့်ရေးတပ်ဝန်းအတွင်း တန်းစီနေချိန် ဗုံးကြဲခံရ၊ ၂ ပွင့်ဗိုလ်အပါ ၁၅ ဦး သေပြီး အယောက် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လေ့ကျင့်ရေး (၃) တပ်ရင်း ၁၆ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ဗိုလ် ၁ ယောက်အပါအဝင် သေဆုံးသူ ၁၅ ယောက်ရှိခဲ့ကြောင်း အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

ရေစကြိုအနောက်ပိုင်းကျေးရွာ ၂ ရွာကို စစ်အုပ်စုက လေကြောင်းနှင့် လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်၊ အမျိုးသမီးတွေအပါ အရပ်သား ၃ ဦး သေပြီး ၆ ဦး ထိခိုက်ထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာ၊ ဟောင်ဝစ်ဇာနဲ့ ပါရာမော်တာတွေအသုံးပြုတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့များတွင် လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံရမှု ဆက်တိုက်ဆိုသလိုရှိနေ

ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာ မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်အုပ်စုလက်ပါးစေ ပျူစောထီးတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကို ပြောပါတယ်။
Read More

ဗကပ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနှင့် အနောက်မြောက်စစ်ဒေသမှာ ပြုလုပ်ခဲ့…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။