စစ်အုပ်စုဟာ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံအနှံ့က လူငယ်တွေဟာ ကျွမ်းကျင်ရာ ကဏ္ဍအလိုက် အာဏာရှင်တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်လာကြပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ဟာ အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးတို့ဖြစ်တဲ့အလျောက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပြည်နယ်တွေ အားကောင်းဖို့ အရေးကြီးတဲ့အတွက် လူငယ်တွေအနေနဲ့ မွန်ပြည်လွတ်မြောက်ရေးမှာ ဝိုင်းဝန်းအားဖြည့်ပေးကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က မောင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တိုက်တွန်းလိုက်ပါတယ်။
“ပြည်တွင်း၊ ပြည်ပနဲ့ တခြားဒေသတွေမှာ လူငယ်တွေ အများကြီးပြန့်ကျက်နေတယ်လို့ ကျွန်တော်ကြားရတယ်။ မွန်ပြည်နယ်က လူတွေလည်းပါတယ်။ ဒါကြောင့် အချိန်တွေ အလဟဿ မဖြစ်ဖို့ရယ်၊ ကိုယ့်အသက်အရွယ်ရှိတုန်း… သန်စွမ်းတုန်းမှာ အတတ်နိုင်ဆုံး တော်လှန်ရေးတာဝန်ကို ထမ်းပေးဖို့ပေါ့နော်။ အဲ့မှာလည်း စစ်ရေးချည်းပဲတော့ မဟုတ်ဘူး… တခြားနည်းပညာပိုင်းဆိုင်ရာမှာလည်း ပေးနိုင်တယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း တာဝန်ဝင်ယူလို့ရပါတယ်။ လူငယ်တွေ ဒီနေရာမှာ တာဝန်ဝင်ယူကြပေးဖို့ လိုပါတယ်။” လို့ MSFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောပါတယ်။
MSFC ကို အာဏာသိမ်းပြီးကာလ အစောပိုင်းမှာ မွန်နိုင်ငံရေးသမားတွေ၊ CSO တွေ၊ မွန်လူငယ်တွေ၊ မွန်မျိုးသမီးတွေ၊ CDM တွေ စတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့အင်အားစုတွေကို စုဖွဲ့ပြီး မွန်လူမျိုးနဲ့ မွန်ပြည်နယ်ကို ကိုယ်စားပြုနိုင်အောင် ကြားကာလ မွန်ပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) အဖြစ် စတင်ဖွဲ့စည်းခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဥ်အရ ပြည်နယ်ကိုကိုယ်စားပြုမယ့် ပြည်နယ်ယူနစ်၊ ပြည်နယ်ကောင်စီတစ်ရပ် ပေါ်ထွန်းရေး ၂၀၂၂ နောက်ပိုင်းမှာ ကြိုးပမ်းခဲ့ပြီးနောက် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ၂၀၂၃ ခုနှစ်မှာ ပြန်လည်စုဖွဲ့ခဲ့တာပါ။
လက်နက်ကိုင်တော်လှန်ရေးကြောင့် စစ်ကောင်စီဟာ မြန်မာပြည်အနှံ့ ထိန်းချုပ်မှုကို လက်လွှတ်ထားရသလို မွန်ပြည်နယ်ရဲ့ နေရာတော်တော်များများကိုလည်း စစ်အုပ်စုက မထိန်းချုပ်နိုင်ပဲ ရှိနေပါတယ်။
တဆက်တည်းမှာပဲ တော်လှန်ရေးအင်အားစုတွေကလည်း မြေပြင်ထိန်းချုပ်မှု ကောင်းကောင်းမွန်မွန် မရရှိသေးတဲ့အလျှောက် အဲ့ဒီဒေသတွေမှာ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အသိပညာရှင်၊ အတတ်ပညာတွေများစွာ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ ပြည်နယ်တွေအားကောင်းဖို့ လိုပါတယ်။ ပြည်နယ်တွေအားကောင်းဖို့က ကျွန်တော်တို့ အချိန်တွေစောင့်နေလို့မရပါဘူး။ ဒါကြောင့် ဒီပြည်နယ်အားကောင်းရေး အတတ်နိုင်ဆုံးပေါ့ ကိုယ့်ရဲ့ဒေသကို ပြန်လာပေးဖို့၊ ကျွန်တော်တို့ကလည်း နေရာတွေပေးပါမယ်၊ နောက်ပြီးတော့ ကျွန်တော်တို့နဲ့အတူ ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်မယ်။ ဒါမှ တခြားပြည်နယ်တွေ လွတ်လပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ပြည်နယ်လည်း ထပ်တူ လွတ်လပ်လာပြီးတော့မှ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာလည်း မွန်ပြည်နယ်ကိုယ်စား အားလုံးပါဝင်နိုင်မှာဖြစ်တဲ့အတွက် အားလုံးကိုဖိတ်ခေါ်ပါတယ်။” လို့ MSFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နိုင်မွန်စိုင်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

နေပြည်တော် ပကဖ ၏ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များ ဦးဆောင်ပြီး ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ပွဲ

အမျိုသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တွေက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့ကညဉ့်နက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

Sample Blogမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်း ၇ မိုင်ရှိ တတက ၁၃ အကြမ်းဖက်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံး ၉ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇မိုင်ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၁၃) ကို ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ရာ ၉လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီည ထုတ်ပြန်ပါတယ်။
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၂၆) တပ်ရင်း ပူးပေါင်းဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင် စစ်ဌာနလက်အောက်ရှိ ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနဲ့ ယင်းမာပင်ခရိုင် အမှတ် (၂၆) တပ်ရင်းတို့ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ အညာဒေသက PDF ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆို (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂ ၊ ၁၆ နဲ့ ဗျူဟာ ၅၂ ၊ ၅၃ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံ ပြည်သူတွေ သောင်းသောင်း ကြိုဆိုနေတဲ့ ပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။