ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို အခြေခံမူများနဲ့ အညီ တည်ဆောက်သွားမယ်လို့  တော်လှန်ရေးအင်အားစု ၉ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ERO နဲ့လူမျိုးစု ကိုယ်စားပြုကောင်စီ အဖွဲ့အစည်း ၉ခုက တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဆိုတဲ့အပေါ် အခြေခံပြီး ဖက်ဒရယ် နိုင်ငံအသစ်အတွက် တည်ဆောက်သွားမယ်လို့  KNU ၊KNPP နဲ့ CNF လိုတိုင်းရင်းသားလက်နက်ကိုင်တွေပါ၀င်တဲ့ အဖွဲ့အစည်း  ၉ဖွဲ့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ပူးတွဲကြေညာတဲ့ အဖွဲ့အစည်း ၉ခုအဖြစ်ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB) တို့ပါ၀င်ခဲ့ကြတာပါ။

ပူးတွဲကြေညာချက်အတွင်း ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism)ကိုအခြေခံမူများနဲ့အညီ တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် အချုပ်အခြာအာဏာရဲ့မူလပိုင်ရှင်များသည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ၎င်း ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များဟာတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ ပြီးအချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနှင့် အနီး ကပ်ဆုံးအာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများ အတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

အထက်ပါ ပူးတွဲကြေညာချက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်လိုက်တဲ့ စာအပေါ် အခြေခံကာ တန်ပြန်သည်ဟု ယူဆနိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားလိုတဲ့ EAO/ERO များက ပူးတွဲကြေညာခြင်းဖြစ်တယ်လို့လည်း လေ့လာသူတွေက ခန့်မှန်းသုံးသပ်ကျပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

ဘီလုံး (သို့မဟုတ်) စစ်ပွဲကပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ရင်း ရဲရင့်စွာ အသက်ပေးခဲ့သူ

"သူက စစ်တိုက်ချင်တာ ငယ်ငယ်လေးကတည်းက၊ ဘာရယ်တော့မဟုတ်ဘူး။ ယူနီဖောင်းဝတ်ရရင် ပျော်နေတဲ့သူမျိုး။ အိမ်ကလည်း အစကတည်းက မဟုတ်မခံစိတ်ရှိတဲ့ ညီမတို့စိတ်ဓာတ်တွေကို မနိုင်လို့ လွှတ်ပေးထားတာ။ မေမြို့မှာ ကျမက သပိတ်တွေလည်းလုပ်တော့ အရင်ပြေးရတယ်။ အဲ့တာ ကျမက အရင်ပြေးတော့ သူကနောက်ကလိုက်လာတာ"
Read More

MDY-PDF စိုးမိုးနယ်မြေမှ သီတင်းကျွတ် လပြည့်ည (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒပြသည့် ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်များ အပါ ပြည်သူ ၁၉ ဦး သေဆုံး၊ ၄၀ ဦး ပြင်းထန်ဒဏ်ရာရဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာရှိတဲ့ မူလတန်းကျောင်းကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။