မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ ပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ယောက်သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေဖြစ်တဲ့ ကပစ ၂၅ နဲ့ ကပစ ၂၁ တို့ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေကို စလင်းမြို့နယ် ပကဖက ဖြတ်တောက်နိုင်ခဲ့ရာ မီးလိုင်းတွေ ပြန်ပြင်ဆင်ဖို့အတွက် စက်တင်ဘာလ ၁၈ ရက်က အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ရောက်ရှိလာတာဖြစ်ပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းနဲ့တိုက်ခိုက်ခြင်း၊ Rocket တွေနဲ့ ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၈ ယောက် သေဆုံးကာ ၁၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်ကြောင်းကတော့ စက်တင်ဘာလ ၁၈ ရက်မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ )နယ်မြေ(၃)၊ နယ်မြေ (၂) ၊ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိန်းငှက်နက်၊ ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ မင်းဘူးခရိုင် တပ်ရင်း(၁) နဲ့ မင်းဘူးခရိုင်တပ်ရင်း (၅)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာနေရာ ၁၂ ခုကို တပြိုင်တည်း တိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံး …

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာ နေရာ ၁၂ ခုကို တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ 9/A Nyar Myae Operation အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်းမပြုဖို့ သတိပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ ၆ ရက်မြောက်ရှိပြီဖြစ်ပြီး မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာလည်း တိုက်ပွဲ ပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်း မပြုဖို့ ထပ်မံ မေတ္တာရပ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

ဗမာပြည်နယ်ပေါ်ထွန်းရေးနှင့်အတူ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည့် ဗမာ့တပ်တော်-Bamar Army ကို ၂၀၂၅ နှစ်သစ်တွင် စတင်ဖွဲ့စည်း

စစ်အာဏာရှင်ကို မြန်မာပြည်အလယ်ပိုင်းကနေ အခြေပြု တွန်းလှန်ရင်း ဗမာတိုင်းရင်းသားလူမျိုးစု ပြည်နယ်ပေါ်ထွန်းရေးကို ကြိုးစားသွားဖို့ရှိတဲ့ ဗမာ့တပ်တော် - B​amar Army ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။