ဧရာဝတီတိုင်း မအူပင်မြို့မှာ ဒေသခံ ၉ယောက်ကို တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ စစ်သင်တန်း တက်ရောက်ခဲ့သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားပြီး သူတို့ထဲက တစ်ယောက်ကတော့ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် မနေ့က စက်တင်ဘာ ၁၉ ရက်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။
အခုနောက်ပိုင်း အကြမ်းဖက်စစ်တပ်ဟာ လူငယ်တချို့ကို တော်လှန်ရေးအဖွဲ့တွေဆီမှာ စစ်သင်တန်းတက်လာတယ်ဆိုပြီး နာမည်စာရင်းတွေနဲ့တကွ လိုက်လံဖမ်းဆီးမှုတွေ ရှိနေပါတယ်။
“ဖမ်းဆီးတဲ့အချိန်မှာလည်း သေနတ်နဲ့ပစ်တာတွေ လုပ်ခဲ့တယ်။ အရပ်ဝတ်တွေ အရပ်ကားတွေနဲ့လာဖမ်းတော့ အနီးနားရှိတဲ့ အမျိုးသမီးတွေက ဘာမှန်းမသိဘဲ ပြေးပြေးပြေးလို့ အော်မိလို့ အမျိုးသမီး၂ဦးပါ အဖမ်းခံရတဲ့အထဲ ပါသွားတယ်” လို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။
“အခုသေဆုံးသွားတဲ့ကလေးကို မအူပင်မြို့ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံထဲ ပို့ထားပြီး ဆေးရုံကြီးမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ စောင့်နေတယ်။ ဆေးရုံကို ဘယ်သူမှအလာမခံတော့ဘဲ အကြမ်းဖက်စစ်တပ်က နေရာယူထားတယ်။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေကြတယ်။ ဘယ်လောက်တောင်ညှင်းပမ်းနှိတ်စက်ခံရမလဲမသိဘူး။ မအူပင်မှာ အခုတာဝန်ကျနေတဲ့တပ်က အရမ်းကိုဆိုးနေတယ်”လို့ အထက်ပါဒေသခံက ထပ်ပြောပါတယ်။
မအူပင်မြို့မှာ တာဝန်ကျနေတဲ့ စစ်တပ်ဟာ ရခိုင်ပြည်နယ်ကို ထုတ်နုတ်အင်အားနဲ့ စစ်ဆင်ရေးအပို့ခံထားရတဲ့တပ်ဖြစ်ပြီး မအူပင်၊ ဖျာပုံ၊ ကျိုက်လတ်မြို့နယ်တွေမှာ မြို့လုံခြုံရေးယူထားကြရတာဖြစ်ပါတယ်။ ဒါ့အပြင် မအူပင်မြို့မှာ အကြမ်းဖက်စစ်တပ်က အစဥ်အဆက် မွေးမြူထားတဲ့ သတင်းပေးတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး မြို့နယ်အတွင်း ပေါ်တာဆွဲတာ၊ စစ်မှု့ထမ်းဥပဒေအကြောင်းပြကာငွေကြေးကောက်ခံတာတွေကို လုပ်ဆောင်နေတာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်၊
ပုံစာ – အကြမ်းဖက်စစ်ကောင်စီ တပ်သားတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ငြိမ်းချမ်းရေးလမ်းစဥ် အကြိမ်ကြိမ် သွားခဲ့ဖူးပေမယ့် နောက်ဆုံးမှာ ကိုယ့်အခွင့်အရေး ကိုယ်ရဖို့ လက်နက်ကိုင် တိုက်ယူရကြောင်း KNLA ဒုတိယစစ်ဦးစီးချုပ် ပြော စစ်တိုက်တာ မကြိုက်ပေမယ့် တခြားနည်းလမ်း မရှိဘူးဟုဆို

“ကျနော်တို့လူမျိုးရဲ့ အခွင့်အရေးကို သွေး၊ ချွေး၊ အသက်နဲ့ရင်းပြီးတော့ တိုက်ယူရတယ်။ တခြားနည်းလမ်း မရှိဘူး။ ဆိုလိုတာက ကျနော်တို့ စစ်တိုက်တာကို ကြိုက်လို့မဟုတ်ဘူး။ စစ်သားအနေနဲ့ စစ်တိုက်တာ ကြိုက်လို့တော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလမ်းစဥ်ကို ကျနော်တို့ အကြိမ်ကြိမ် သွားခဲ့ဖူးပြီးပြီ။ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ ကျနော်တို့ရဲ့ တပ်ကို ထူထောင်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီး တိုက်ယူရတာဖြစ်တယ်။”
Read More

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောများကြောင့် မြစ်ဘေးဝဲယာကျေးရွာများ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ် သတိထားနေရ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ကို ဆန်တက်နေတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆက်တက်ဖို့ရှိနေတယ်လို့  Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်မှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်ဟာ သေနတ် ၂ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

လွတ်မြောက်လာသည့် ကရင်နီ နိုင်ကျဉ်းများအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု KPPA ထုတ်ပြန်

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၁ စစ်အာဏာသိမ်းမှုမှာ သမိုင်းတရားခံတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ  သေပြီ

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ တကယ်သေဆုံးသွားပြီဖြစ်တယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ထုတ်ပြန်ပါတယ်။