မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု(၂) ရှိ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းတွေက ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ – ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြိုင်ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ – ဝံပုလွေပြောက်ကျားတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ စက်မှု(၂) က ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေပြီး ၄ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဆီက MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၄ ခုတို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ က ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို ပစ်ခတ်ချိန်နဲ့ လက်နက် သိမ်းဆည်းချိန် တစ်မိနစ်အတွင်းသာ အမြန်အဆန် လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ အမြန်ဆုံး တိုက်ပွဲ ဖော်ဆောင်ကာ အောင်ပွဲရယူနိုင်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ရွှေပေါက်ပင်ရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ဦးနှင့် ပျူ ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်က ရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ ရဲ ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရ ရှိခဲ့တယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုး (LDF) က မောင်းကို ပြောပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် KNA  ဦးစီးပြုလုပ်တဲ့ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့အခမ်းအနား (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် KNA  ဦးစီးပြီး ကယန်းဒေသ တစ်နေရာမှာ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့ကို  အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ KNA က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁) ဦး သေဆုံး၊ (၃) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အရှေ့ဘက်ကို ဆပ်ကြေးကောက်ဖို့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution Army ကနေ သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပြည်သူ့တော်လှန်ရေး ရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီး အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်ရှိနေမည်ဟု NUG ဝန်ကြီးချုပ် ပြော

ဘဝသက်တမ်းတစ်လျှောက်လုံး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့လည်း ထပ်တူ ရပ်တည်နေတာကို အခိုင်အမာ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။