ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် သိရပါတယ်။
စက်တင်ဘာ၂၀ရက်၊ ဒီနေ့မနက်အစောပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းပေါ်က ရပ်ကွက်ရုံးရှေ့မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဖြစ်သူတို့ကို ဆိုင်ကယ်မောင်းနှင်လာတဲ့ လူ၂ယောက်က သေနတ်နဲ့ပစ်ခတ်သွားတာ​ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုထောက်ခံသူတွေကတော့ PDF တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သွားတာကြောင့် အုပ်ချုပ်ရေးမှူးကြည်ထွန်းနဲ့ ရာအိမ်မှူး ဆွေမြင့်အောင်တို့မှာ နေရာတင်ပွဲချင်းပြီး​ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ရှေ့နှစ်တုန်းကလားပဲ သူတို့ကိုလာပစ်သေးတယ်လေ။ မသေဘူး။ ဒါကို နောင်တမရဘဲ ရပ်ကွက်ကလူတွေအပေါ် ပိုပြီးရမ်းကားပြနေတာ အခုတော့လစ်သွားပြီပေါ့။ အသေနောက်ကျတယ်လို့ပြောရမယ်” လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ စစ်​တပ်အာဏာသိမ်းပြီးကတည်းက စစ်အုပ်ချုပ်ရေးစတင်ခဲ့ပြီး အမျိုးသားရေးသမားတွေ၊ မဘသအဖွဲ့ဝင်တွေကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေအဖြစ်ခန့်အပ်ကာ ရပ်ကွက်နေပြည်သူတွေအပေါ် ဖိနှိပ်တာတွေလုပ်ဆောင်စေခိိုင်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေကလည်း ဒဂုံမြို့သစ်(တောင်ပိုင်း)နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတချို့ ပစ်ခတ်လုပ်ကြံခံရတာမျိုးရှိပေမယ့် သေဆုံးကြောင်း သတင်းထွက်တာမျိုးတော့ မရှိခဲ့ပါဘူး။
လက်ရှိမှာလည်း မြို့နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူတွေက စစ်ကောင်စီပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေအတွက် ရပ်ကွက်နေလူငယ်တွေကို ဖိအားပေးတောင်းဆိုတာတွေ၊ မတရားရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ခံတာတွေ လုပ်ဆောင်နေကြတယ်လို့ မြို့နေပြည်သူ တော်တော်များများက ပြောဆိုနေကြပါတယ်။
0 Shares:
You May Also Like
Read More

ရပ်စောက်မြို့ ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့  ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DPLA က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သပိတ်ခေါင်းဆောင်များ၊ PDF များနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ အယောက် ၄၀ ကျော်အထိ ရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရေတာရှည်မှာ ဂျမ်မာတွေ ဖျက်ဆီးဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲဖြစ်.. စစ်အုပ်စု ရမ်းပစ်လို့ အရပ်သား ၁ ယောက် ခေါင်းထိမှန်သေပြီး ၂ ယောက်ဒဏ်ရာရ…

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျမ်မာတွေကို သွားရောက်ဖျက်ဆီးရင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်​သေးဘဲ အခက်တွေ့နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။
Read More

ညောင်ခါးရှည် X-Ray ဂိတ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါ ပကဖ က အသိပေးထုတ်ပြန်ပါတယ်။