မကွေးတိုင်း ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ ကနေ အိုးထိန်း-မင်းလျင်လမ်းအတိုင်း တညောင်ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို ဒီးဒုတ်ပင်ရွာနဲ့ သမန်းကျင်းကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ယာဉ် ၁ စီး ထိခိုက်ပျက်စီးသွားပြီး အကြမ်းဖက်စစ်သားတွေဟာ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ကာ တော်လှန်ရေးတပ်တွေကနေ တာဝေးပစ် ရော့ကတ် ၃ လုံးနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို မင်းဘူးခရိုင် တပ်ရင်း ( ၅ ) ၊ မင်းဘူးခရိုင်တပ်ရင်း ( ၁ ) ၊ စလင်းပကဖနဲ့ မကွေးခရိုင် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘားအံမြို့ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်မှာရှိတဲ့ ရတနာမြေ (၂) စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသက PDF တပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန်  စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် – ၉/၂၀၂၅”

“လက်ရှိမှာ မြန်မာပြည်သူလူထုအပေါ် မအလနဲ့စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထား မယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့လုပ်ငန်းစဥ်ကို ထိရောက်စွာကူညီပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်။ မြန်မာ့အကျပ်အတည်းပြေလည်ဖို့အတွက် အကြမ်းဖက် စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်”
Read More

မုံရွာ နမခမှ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီသယ်လာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီ သယ်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force Monywa အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အိုမကျေးရွာက နေအိမ် ၁၈ လုံးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု အိုမကျေးရွာက နေအိမ် ၁၈ လုံးကို ဝမ်ပေါင်ကြေးနီစီမံကိန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အိုမကျေးရွာဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ဧပြီ ၃၀ ရက် မနက်ပိုင်းမှာ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။