ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ​ကြို့ပင်ကောက်မြို့နယ်မှာ သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၂ယောက်နဲ့ ပျူစောထီး၄ယောက်သေဆုံးပြီး စစ်တပ်သတင်းပေး၁ယောက်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Black Dragon GBK-PDF တပ်ခွဲမှူး ရိုးမနဂါးက မောင်းကို ပြောပါတယ်။
စက်တင်ဘာ ၁၃ရက်​ ၊ ညပိုင်းက ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရွာ ရဲစခန်းအနီး၊ တံတားထိပ်သင်္ချိုင်းကုန်းထဲမှာ ကင်းပုန်းဝပ် တပ်စွဲနေတဲ့ စစ်အုပ်စုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိနစ်၂၀ကြာမြင့်ခဲ့တဲ့ တိုက်ပွဲထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝက်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄၀မမတွေ၊ ၇၉မမတွေ ထိမှန်ခဲ့လို့ စစ်အုပ်စုဘက်က ရဲနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
“အလယ်ကုန်းရွာမှာက ရဲစခန်းမှာလည်း လူကုန်မနေရဲကြဘူး။ တချို့လည်းရဲစခန်းရှေ့က ဆေးရုံထဲတပ်စွဲထားတယ်။ အဲ့နေ့ကကျ သင်္ချိုင်းကုန်းထဲ တပ်စွဲနေတာပေါ့နော်။ ကျနော်တို့က 40mmတွေ၊ 79 တွေ ၊M4 တွေပစ်ခဲ့တာပေါ့။ ဒီကောင်တွေ ၆ယောက်​သေပေမယ့် ဘန်ကာရှိနေလို့ လက်နက်ကောက်ခွင့်မရလိုက်ဘူး။” လို့ Black Dragon GBK-PDF တပ်ခွဲမှူး ရိုးမနဂါးက မောင်းကို ပြောပါတယ်။
စက်တင်ဘာ ၁၄ရက်နေ့ကလည်း ပဲခူးရိုးမအစပ်က အေးရွာလေးရွာထိပ်ကိုရောက်ရှိနေတဲ့ ကုန်းရွာသား စစ်တပ်သတင်းပေး သန့်စင်အောင်ဆိုသူကို သွားရောက်ဖမ်းဆီးရင်း စခန်းကို ခေါ်ဆောင်စစ်မေးနေရာ နောက်တစ်နေ့မနက်ပိုင်းမှာ စခန်းကနေ ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲပါတဲ့ အုတ်ဖို၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်မြို့နယ်တွေမှာ စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး အရပ်သားလူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေလည်း တစ်နေ့တစ်ခြား ပိုမိုလုပ်ဆောင်လာနေတဲ့အတွက် ထိတွေ့တိုက်ပွဲရှိနေတာဖြစ်ကြောင်း ရိုးမနဂါးက ပြောပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ လုံးပန်းနေတဲ့ အလယ်ကုန်းရဲစခန်းက ရဲနဲ့ ပျူစောထီးတွေ ပစ်ခတ်တိုက်ခိုက်ခံရပါသေးတယ်။
အလားတူ စက်တင်ဘာလ ၇ရက်နေ့၊ မနက်အစောပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းအုပ်စု၊ ကွင်းချောင်းကျေးရွာနေ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဖြစ်လဲ ပျူစောထီးခေါင်းဆောင် စိုးမင်းနိုင်ဦးဆောင်တဲ့ ပျူတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရိုးမညီနောင် PDF တပ်ပေါင်းစုတွေ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၇ယောက်သေကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ကျဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ – သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၆ ၊ Black Dragon GBK PDF ရဲဘော်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တောင်ကုတ်မှာ တာဝန်ကျတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီးနဲ့ တပ်သား လက်နက်ခဲယမ်းတွေယူပြီး PDF ဆီ ထွက်ပြေးခိုလှုံံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီး၁ယောက်နဲ့ တပ်သားဖြစ်သူတို့ သရက်ခရိုင် အမှတ် ၄တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​
Read More

ဝက်လက်တွင် စစ်သင်္ဘောများကို ကာကွယ်နိုင်ရေး ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းနံဘေး ကျေးရွာ၃ရွာက အရပ်သား ၁၅ ယောက် ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” ကမ်ပိန်းမှ ၅ရက်အတွင်း ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ရရှိ

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” အရေးပေါ်ကမ်ပိန်းကနေ ၅ရက်အတွင်း ကူညီထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀၀၀ ကျော် ရရှိနေပြီဖြစ်တယ်လို့ Spring Development Bank က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ၅ ဦးကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့တဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ရေဘေးသင့် ပြည်သူတွေကို PDF နဲ့ ပကဖ ရဲဘော်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့မှ ပြည်သူအချို့ စိုးရိမ်စိတ်ကြောင့် စွန့်ခွာတိမ်းရှောင်မှုများရှိနေ

သိပ်မကြာခင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ပြန်ဝင်လာဖို့ရှိနေတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့ပေါ်ကနေ ပြည်သူတချို့ စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။