အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက ဦးအောင်မျိုးမင်းဟာ စက်တင်ဘာလ (၁၉)ရက် မနက်ပိုင်းက ကုလသမဂ္ဂ အဆောက်အဦးမှာ ကျင်းပပြုလုပ်တဲ့ သံတမန်ရေးရာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သံတမန်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရတဲ့ ရေဘေးဆိုင်ရာအခြေအနေတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
NUG ဝန်ကြီးက လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေသလို နယ်စပ်ဖြတ်ကျော် အစီအစဥ်ကတဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးအပ်စေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
အတိတ်ကာလတွေမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့တိုင်း နိုင်ငံတကာက လူသားချင်း စာနာမှု အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စုက အမြတ်ထုတ် အလွဲသုံးစား ပြုလုပ်လေ့ ရှိတာကြောင့် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှောင်ရှားဖို့ လိုအပ်တယ်လို့လည်း NUG လူအခွင့်အရေးဝန်ကြီးက တင်ပြ တောင်းဆိုခဲ့ပါတယ်။
NUG ဝန်ကြီးက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာကို ထောက်ခံပြီး အဲ့ဒီအစီရင်ခံစာမှာ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေ အတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို လုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါသေးတယ်။
အဲ့ဒီအခမ်းအနားကို Luxembourg သံရုံးက ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး ကုလသမဂ္ဂသံတမန်တွေနဲ့ ကုလသမဂ္ဂရုံးတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အလှမယ် သဲစုငြိမ်း ရရှိသွားတဲ့ Miss Grand International 2025 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှု ပြေလည်ကြဖို့ နှစ်နိုင်ငံခေါင်းဆောင်များကို အာဆီယံဥက္ကဋ္ဌ ဖုန်းခေါ်၊ နှစ်နိုင်ငံနယ်စပ်မှာတော့ နှစ်ဖက်တပ်အင်အားများ တိုးမြှင့်လာကြ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာအရေး နှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေပြေလည်လည် ဖြေရှင်းကြဖို့ အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။ 
Read More

အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင် ရုရှားသွားမည်

အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အကူအညီ ဖြတ်တောက်မှုတွေက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရေး စုံစမ်းစစ်ဆေးမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ IIMM ပြော

အလှူရှင်တွေထံက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ဖြတ်တောက်ခြင်းနဲ့ ကုလသမဂ္ဂရဲ့ ကုန်ကျစရိတ် ဖြတ်တောက်ခြင်းတွေက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေရေး ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအကြီးအကဲက ပြောလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။