ရှမ်းမြောက်ဒေသမှာ လားရှိုးအပါအဝင် မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA က မန္တလေးနဲ့တောင်ကြီးကို ဆက်လက်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်မှာမဟုတ်ဘဲ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်သာ လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းမှာ MNDAA က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် MNDAA က NUG နဲ့စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်းတွေလည်း ပြုလုပ်ခြင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
MNDAA က ထုတ်ပြန်ချက်ကို တရုတ်ဘာသာနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က ခေတ္တဖော်ပြပြီးနောက် ပြန်လည်ဖြုတ်ချသွားကာ စက်တင်ဘာ ၁၈ ရက် ညပိုင်းမှာ ပြန်လည်ထုတ်ပြန်ဖော်ပြလာခြင်း ဖြစ်ပါတယ်။
MNDAA ရဲ့ ထုတ်ပြန်ချက်မှာ MNDAA ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူတဲ့ နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမှာ မဟုတ်သလို နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းတွေကို လုံးဝ ပြုလုပ်မည်မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်တဲ့နိုင်ငံခြားအသိုင်းအဝိုင်းတွေနဲ့ မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ရဲ့ နိုင်ငံရေး Redline ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံနဲ့ တက်တက်ကြွကြွ ပူးပေါင်းပြီဍ ပဋိပက္ခတွေကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးတဲ့လမ်းစဉ်နဲ့ အဖြေရှာဖြေရှင်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
MNDAA ရဲ့ လက်ရှိထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံရဲ့ ဖိအားများစွာပါဝင်ပတ်သက်နေပြီး ၁၀၂၇ စစ်ဆင်ရေးတွေ စတင်စဉ်က ခံယူချက်မျိုးနဲ့ လွန်စွာကွဲလွဲနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကဆိုပါတယ်။
MNDAA ဟာ၁၀၂၇ စစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ သိန္နီမြို့၊ ချင်း​ရွှေ​ဟော ၊ကွမ်းလုံမြို့အပါအဝင် မြို့ကြီးအချို့ကိုသိမ်းယူထားပြီလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီက အဆိုပါမြို့တွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာချိန်မှာလည်း ရှမ်းမြောက်အရေးမှာ တရုတ်အနေနဲ့ ဝင်ရောက်ကူညီဖြေရှင်းပေးဖို့လည်း MNDAA ကတောင်းဆိုလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်တပ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို လက်နက်အားကိုးနဲ့ ဖိနှိပ်ခြယ်လှယ်ခဲ့တယ်လို့ KNU ဥက္ကဋ္ဌ ပြော

နိုင်ငံရေး ပြဿနာကို ရိုးသားစွာ ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရလဒ်မရနိုင်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ဂုတ်ထိပ်တံတား ဖျက်ဆီးခံရမှု ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု တစ်နိုင်ငံလုံးကို ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်း ပြော

သက်တမ်း ၁၂၀ ကျော်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
Read More

ဝက်လက်မြို့နယ် ကြားကာလပညာရေးကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်း ဒီဇင်ဘာလ ၅ ရက်က ၂၀၂၄/၂၀၂၅ ပညာသင်နှစ်အတွက်  ပညာရည်ချွန်ဆုပေးပွဲကို ကြားကာလပညာရေးကျောင်း ၁ ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဖြူးမှာ ကင်းပုန်းဝပ်နေသည့် PDF များနှင့် အကြမ်းဖက်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၅ယောက် သေ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်၊တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်း သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။