စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ၃ နှစ်ကျော် တပ်စွဲထားတဲ့ မဒေါင်းလှ ပျူစောထီးရွာကို PDF တွေက စက်တင်ဘာ ၁၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
မဒေါင်းလှပျူစောထီးရွာအတွင်းက အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ ၊ ပျူစောထီး မိသားစု ဝင်တွေ အကုန်လုံး ဇီးကုန်းသကြားစက်ဘက်ကို ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဒေါင်းလှပျူစောထီးရွာကို ရွှေဘိုခရိုင်စစ်ဒေသ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတွေ၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖ တွေနဲ့ တခြားခရိုင်၊ မြို့နယ်နီးစပ်ရာ မိတ်ဖက်ကာကွယ်ရေးတပ်ဖွဲ့တွေက ဩဂုတ် ၃၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ် ၉ စီး နဲ့ ထောက်ပို့လေယာဉ် တစ်စီး တို့က အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ ယောက် ကျဆုံးခဲ့ရသလို အကြမ်းဖက်စစ်တပ်က အရာရှိနဲ့ တပ်သား ၁၃ ယောက်၊ ပျူစောထီး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက စက်တင်ဘာ ၂ ရက်ကနေ ၁၅ ရက် အထိ ငကြိုင်း၊ အင်ကြင်းပင်၊ တဲကြီး၊ ဖန်းခါးကုန်း၊ စောကြီး၊ ပေါက်တော၊ ဆီဆုံလေး၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ ဆီပုတ္တရာ စတဲ့ ကျေးရွာ (၁၃)ရွာက အိမ်ခြေ ၅၀၀ ကျော်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၁၀ ရက်က မဒေါင်းကြီးကျေးရွာက G – 11 ကျောင်းသား ၁ ယောက် အပါအဝင် ပြည်သူ ၃ ယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့ပါသေးတယ်။
စက်တင်ဘာ ၁၇ ရက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ဇီးကုန်းသကြားစက်ကို မဒေါင်းလှ ကျေးရွာမှာ ကျန်ရစ်ခဲ့တဲ့ ပျူစောထီးတွေနဲ့ မိသားစုဝင်တွေကိုပါ အပါခေါ်ပြီး ခင်ဦးမြို့နယ်အတွင်းက ထွက်ပြေးသွားခဲ့တာပါ။
စက်တင်ဘာ(၁၈)ရက် မနေ့က မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှင်းလင်းရေးဝင်ရောက်ခဲ့ရာ ပြည်သူများတွေဆီက မတရားခိုးယူထားတဲ့ နွားအုပ်၊ သိုးအုပ်တွေ အပါအဝင် ပစ္စည်းတချို့ ပြန်လည်ထားရရှိခဲ့ပြီး အထိုင်ချထားခဲ့တဲ့ နေရာတွေကို ရှင်းလင်းရာက ရဲဘော်(၂) ယောက် မြေမြုပ်နင်းမိုင်း ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
ခင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ပျူစောထီးတပ်စွဲခဲ့တဲ့ ရွာတွေဖြစ်တဲ့ မဒေါင်းလှ၊ မကျီးတုံ၊ ပျဥ်ထောင်၊ ရွာသစ်ကုန်း စတဲ့ကျေးရွာ ၄ ရွာနဲ့ အင်းပတ်ကွေ့ ၊ မူးတိမ်ချောင်းတံတားရှိ ပျူကင်းစခန်း နှစ်ခုရှိခဲ့ရာ လက်ရှိမှာတော့ ရွာသစ်ကုန်းပျူရွာ နဲ့ မဒေါင်းလှပျူရွာ စတဲ့ ပျူရွာ ၂ ရွာအပြင် အင်းပတ်ကွေ့ကင်းစခန်းနဲ့ မူးတိမ်ချောင်းကင်းစခန်းနှစ်ခုကလည်း အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ ဆုတ်ခွာထွက်ပြေးသွားပြီလို့ သိရပါတယ်။
ခင်ဦးမြို့နယ်မှာ စကစ လက်အောက်ခံ ပျူရွာတွေ ဖြစ်တဲ့ ပျဉ်ထောင်ရွာ၊ မကျီးတုံရွာ အပါအဝင် ခင်ဦးမြို့ မရဲစခန်း၊ ဆေးရုံ၊ မင်းသိုက်တိုက် စတဲ့ စစ်ကောင်စီတပ်သား အထိုင်ချစခန်းတွေ ကျန်ရှိနေသေးပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၅) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်းပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၁၂ နာရီကြာဖြစ်ပွားခဲ့သည့် ထားဝယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ရဲ့ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် က ရှေ့တန်း၊ နောက်တန်းနဲ့ အခြေခံစစ်သင်တန်းတွေအပါ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် ထွေအုပ်ဝန်ထမ်း ၁ဦးကို ပကဖ ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ဟန်ပြလက်ခံပြီး စစ်ကောင်စီအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့ ထွေ/အုပ်ဝန်ထမ်း အောင်ဌေး ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။