တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
ဆိုင်းတောင်ရဲစခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က KIA နဲ့တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ကာ လက်နက်ကြီးနဲ့ပစ်ခတ်ခြင်း အရပ်သားနေအိမ် မီးရှို့ဖျက်ဆီးမှုတွေကို စက်တင်ဘာ ၁၈ ရက်နေ့အထိ ဆက်တိုက် လုပ်ဆောင်
နေတာ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ နေအိမ်တွေကို မီးရှို့တာ၊ လေကြောင်း တိုက်ခိုက်တာ၊ ဖားကန့် တပ်မကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေဆက်တိုက်ပြုလုပ်ပြီး ဆိုင်းတောင်ဒေသကို ပြန်လည်ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေပြီး စစ်သားတွေဟာ Lucky Man ဟိုတယ်မှာ တပ်စွဲထားကာ ဓားစာခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်တွေဟာ ဆိုင်းတောင်အတွင်းက အရပ်သားပြည်သူတွေနဲ့ နေအိမ်တွေကို မီးရှို့နေပြီး နေအိမ်ပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ KIA ကဖော်ပြထားပါတယ်။
ဖားကန့် ဆိုင်းတောင်ဒေသမှာ စစ်ကောင်စီတပ်စခန်း ၆ခုထက်မနည်း ကျန်ရှိနေပြီး KIA ဘက်က အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ပါက ဖားကန့်ဒေသတစ်ခုလုံးကို အလုံးစုံသိမ်းပိုက် ထိန်းချုပ် နိုင်မှာလည်းဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ဖားကန့်ဒေသကို အင်အားဖြည့်ဖို့လာရောက်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ ဗန်းမော်-မိုးမောက်လမ်းပိုင်းမှာလည်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း သိရပါတယ်။
KIA ထိန်းချုပ်ထားတဲ့ ဗန်းမော်-မိုးမောက်ကားလမ်းပေါ်က ခမရ ၄၃၇ အပါအဝင် တပ်စခန်းအများစုကို စစ်ကောင်စီဘက်ကပြန်လည်ရရှိဖို့ စစ်ကြောင်းထိုးလာမှုတွေ ရှိလာလို့ ထိတွေ့ တိုက်ပွဲတစ်ချို့ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်လာပါတယ်။
0 Shares:
You May Also Like
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် စစ်တပ် ဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပတ်ဝန်းကျင်အနှံ့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ လူအယောက်၂၀ ထက်မနည်းထိခိုက်​သေဆုံးခဲ့ကြောင်း မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက မောင်းကို ပြောပါတယ်။
Read More

အမ်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဆီ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုထားကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေးမှုပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးဧရိယာတစ်ခုမှာ ဒေသခံပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အခြေခံအကြောင်းအရာတွေကို အခုစက်တင်ဘာလထဲမှာ ဆွေးနွေးပြောကြားမှု ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။