စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို စက်တင်ဘာ ၁၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ကံပြားရွာ ပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အ.ထ.က စာသင်ကျောင်းနဲ့ ကုန်းသာဦးဘုရား စတဲ့ နေရာတွေမှာ တပ်စွဲထားပြီး ပုပ္ပါရုံကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေဟာ အဲဒီတိုက်ခိုက်မှုကြောင့် နေရာကို စွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ရွှေဇာလီကုန်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ နဲ့ ပစ်ခတ်မှုကြောင့် အထိအခိုက်များပြီး စာသင်ကျောင်းဘက်ကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို Freedom Revolution Force (FRF)နဲ့အတူ ​ဒီပဲယင်းမြို့နယ်ပကဖ (တိုက်နယ် (၅))၊ Burmese Guerrilla Force (GBF) ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

Popa Guerilla Force (PGF) တပ်ဖွဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force (PGF) တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းပိုင်းမှာ ဆိုင်ကယ် ၃ စီးနဲ့ သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်သား ၆ ယောက်ကို တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မဟူရာ ရွှေဘိုသားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီး စခန်းအချို့ လက်လွှတ်ခဲ့ရ (ရုပ်/သံ)

နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ် မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၉ ဦး သေ (ရုပ်/သံ)

မေလ ၇ ရက် မနက်ပိုင်းက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာခရိုင်တပ်ရင်း (၄) အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာပြားတွေ ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မုံရွာခရိုင် အမှတ် ၄ တပ်ရင်း (Chindwin Attack Force) အထူးကွန်မန်ဒိုတပ်ဖွဲ့အတွက် Federal Wings အဖွဲ့ရဲ့ နည်းပညာနဲ့ ကျည်ကာတွေ ထုတ်လုပ်အောင်မြင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။