ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို မနှစ်သက်တဲ့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အချက် (၈) ချက်ပါတဲ့ တောင်းဆိုစာကို ထိုင်းနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။
တောင်းဆိုချက်ထဲမှာ ထိုင်းနိုင်ငံသားခံယူခွင့်အစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေကို တစ်ကြိမ်မှာ ရက် ၉၀ သာ အလုပ်လုပ်ခွင့် ပါမစ်ပေးကာ ရက် ၃၀ စောင့်ဆိုင်းစေပြီးမှ နောက်ထပ် ပါမစ်ထပ်လျှောက်စေဖို့၊ ဥပဒေချိုးဖောက်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်ပြီးမှ မိခင်နိုင်ငံကို လဝကအစီအစဉ်နဲ့ပြန်ပို့ပြီး ပြည်ဝင်ခွင့်လုံးဝပိတ်လိုက်ဖို့ စတာတွေကို တောင်းဆိုထားပါတယ်။
“ကျမတို့တွေ ဒီကိစ္စကို အထူးစိုးရိမ်စွာနဲ့ အနီးကပ် စောင့်ကြည့်နေပါတယ်။ အချက်အလက်တွေကိုလည်း စုဆောင်းနေပြီး မူရင်းထုတ်ပြန်ချက်ကိုလည်း ရှာဖွေနေပါတယ်” လို့ မြန်မာအရေး ကူညီဆောင်ရွက်နေတဲ့ ထိုင်းတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီချက် အပိုဒ် (၂၂) က ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရုတ်သိမ်းပြီး အရင်အတိုင်း ပြန်လည်ကန့်သတ်ဖို့၊ အလုပ်ကိုယ်စီရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေကို ကျန်းမာရေးနဲ့ ပညာရေး အကူအညီပေးမှုတွေအပေါ် ပြန်လည်သုံးသပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
“ဒီကိစ္စ(အစိုးရရဲ့ ဆုံးဖြတ်ချက်)က ကလေးတွေကို အခွင့်အရေးတွေ ပိုပေးဖို့အကြောင်း ပြောထားတဲ့ကိစ္စပါ၊ ဒါပေမယ့် သူတို့က ဒါကို နိုင်ငံသားဖြစ်ခွင့် ပေးလိုက်တယ်လို့ ထင်နေကြပါတယ်။ အစွန်းရောက်တဲ့အဖွဲ့တွေက နားလည်မှုလွဲနေကြတာပါ” လို့လည်း သူမက ပြောပါတယ်။
တောင်းဆိုမှုထဲမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးမွေးဖွားခြင်းဆိုင်ရာ ဥပဒေရေးဆွဲဖို့၊ ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းလုပ်သားတွေကို မိခင်နိုင်ငံမှာ ပြန်လည်မွေးဖွားစေပြီးမှ ရက် (၉၀) ပါမစ်နဲ့ ပြန်လည်ပြီး ဆက်လက်လုပ်ကိုင်စေဖို့ စတာတွေလည်း ပါဝင်နေပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ရွှေ့ပြောင်းလုပ်သား‌တွေကိုတော့ အစိုးရရဲ့ ကူညီစောင့်ရှောက်မှုနဲ့ သတ်မှတ်ထားတဲ့ စခန်းတွေမှာ ထားရှိဖို့အပြင် နိုင်ငံရေးအရ တိမ်းရှောင်လာသူ ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ခွင့်မပြုဖို့နဲ့ ကိုယ်ဝန်ရရှိရင်လည်း မိခင်နိုင်ငံကို လဝက အစီအစဉ်နဲ့ ပြန်လည်ပို့ဆောင်ဖို့ တောင်းဆိုချက်တွေကို အဆိုပါ အရပ်ဘက်အဖွဲ့များမဟာမိတ်အဖွဲ့က တောင်းဆိုထားခဲ့တာပါ။
“လူမှုကွန်ရက်မှု မြန်မာတွေနဲ့ပတ်သက်ပြီး ပြဿနာတွေအများကြီးကို တွေ့နေရပါတယ်။ ကျမတို့တွေ သတိကြီးကြီးနဲ့ လှုပ်ရှားဖို့လိုတယ်” လို့ အဆိုပါ ထိုင်းတက်ကြွလှုပ်ရှားသူက ပြောခဲ့ပါတယ်။
ဓာတ်ပုံ AP – မြန်မာရွှေ့ပြောင်းလုပ်သားတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးရော လေကြောင်းဖြင့်ပါ တိုက်ခိုက်၊ ကလေးငယ်အပါ ၂ဦး သေဆုံးပြီး နို့စို့ကလေးအပါ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဝေါရွာသစ်ကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ယောက်အပါအဝင် အရပ်သား ၂ယောက် သေဆုံးပြီး နို့စို့ကလေးအပါ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY -PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ (ရိုးမဗျူဟာ ၄) ၊ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၄၃ ယောက် သေဆုံးခဲ့ဟု AAPP ထုတ်ပြန်…

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ၆ လကျော်အတွင်း အရပ်သားပြည်သူ ၁၄၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း ၂၉၃၁ ခုတွင် အတုအယောင် ရွေးကောက်ပွဲ မလုပ်နိုင်တော့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်

အတုအယောင် ရွေးကောက်ပွဲနီးကပ်လာချိန် တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုမှာ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအတု လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၆ရက်နဲ့ ၇ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၂၀၂ မြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၆၁ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၇၇၀ မှာ ရွေးကောက်ပွဲလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆေးသင်တန်းသား/သူ ၁၈ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ပြစ်ဒဏ်စီရင်ချမှတ်ပြီးကြောင်း KNDF ထုတ်ပြန်

ကရင်နီမှာ ဆေးသင်တန်းသား/သူ တွေ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ ရေဘေးကြောင့် ၁၈ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပြီးကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။