စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ဘေးကင်းလုံခြုံကြောင်း ကြေညာပြီးမှသာ နေရပ်ပြန်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုကြောင့် တောင်ပြိုခြင်း၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်ကာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ အန္တရာယ်ရှိပစ္စည်းတွေ နေရာရွေ့သွားပြီး ပေါက်ကွဲစေနိုင်လို့ သတိပြုဖို့ အချက်တွေကို အောက်ပါအတိုင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
၁။ ရေအောက်ကို သေချာရှင်းလင်းစွာ မမြင်ရရင် မလိုအပ်ဘဲ လမ်းမလျှောက်ပါနဲ့။
၂။ လေးလံတဲ့ ပစ္စည်းတွေကို မြေကြီးပေါ်ချတဲ့အခါ မြေပြင်ကို ဘေးကင်းကြောင်း သေချာစစ်ဆေးပြီးမှ ချထားပါ။
၃။ မိမိ မသွားရောက်ဖူးတဲ့ နယ်မြေတွေကို နယ်မြေကျွမ်းကျင်သူမပါဘဲ သွားခြင်းမှ ရှောင်ကျဉ်ပါ။
၄။အမျိုးအမည်မသိတဲ့ သံသယဖြစ်ဖွယ်ပစ္စည်းတွေကို တွေ့ရှိခဲ့ရင် ကိုင်တွယ်ကြည့်ရှုခြင်းက ရှောင်ကျဉ်ပါ။
၅။ အကယ်၍ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တွေ့ရှိခဲ့ရင် တာဝန်ရှိသူတွေကို ချက်ချင်းအကြောင်းကြားပါ။
၆။ ကလေးသူငယ်တွေကို အန္တရာယ်ရှိတဲ့နေရာနဲ့ ဝေးရာမှာ ထားပါ။
၇။ အန္တရာယ်ရှိကြောင်း အခြားသူတွေကို သတိပေးပါ။
၈။ အကယ်၍ မိမိရှေ့မှာ မတော်တဆ ထိခိုက်မှုတွေ ဖြစ်ပေါ်လာရင် အရေးပေါ်ကူညီကယ်တင်ပေးနိုင်ဖို့ ရှေးဦးသူနာပြုစုနည်းတွေကို လေ့လာထားပါ။
0 Shares:
You May Also Like
Read More

ထီးလင်းမြို့နယ်ဘက် စစ်တပ် စစ်ကြောင်းထိုးရင်း ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နှစ်သစ်လက်ဆောင်အဖြစ် မီးဘေးသင့် အိမ်ထောင်စု (၇၀) ကျော်ကို စောင်များလှူဒါန်း (ဓာတ်ပုံသတင်း)

ရေဦးမြို့က မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု (၇၀) ကျော်ကို နှစ်သစ်လက်ဆောင်အဖြစ် ပြည်ပရောက် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ တခြားအလှူရှင်တွေကိုယ်စား ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ် (၁၇) အတွက် အင်အားစုဆောင်းမှုများ ခပ်စိပ်စိပ်ရှိလာ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) အပြီး အပတ်စဥ် (၁၇) အတွက် လူအင်အားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာနေကြောင်း ဒေသခံစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဆီကတဆင့် သိရပါတယ်။
Read More

ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။