မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တစ်နေ့တည်း ပြောက်ကျားစနစ်နဲ့ ၃ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်ကြောင်းထံက သိရပါတယ်။
စက်တင်ဘာ ၁၇ရက်၊ မနေ့က နေ့လည်ပိုင်းမှာ သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို တောင်ညိုစစ်ကြောင်းတပ်ဖွဲ့ဝင်တွေက ပထမဆုံးအကြိမ် ပြောက်ကျားပုံစံနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့က(စက်တင်ဘာ၁၇) မနက်ပိုင်း လောက်ပဲ ရောက်လာတာဗျ။ ကားတွေနဲ့ ဆင်းလာတာ အနန်းကွင်းဘက်တက်ဖို့လားတော့ သေချာမသိဘူး။အင်အား ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ ပထမဆုံးပစ်ခတ်မှုက မွန်းလွဲ ၂နာရီခွဲလောက်မှာ ဖြစ်တာပါ။ ရွာအနောက်ဘက်ခြမ်းလောက်မှာပေါ့။ တောင်ကုန်းတည့်တည့် တက်လာတဲ့ကောင်တွေကို ရှေ့ကစောင့်ပြီး စီးပစ်ခဲ့တာလို့ ပြောရမယ်။ ရှေ့ပွိုင့်တစ်ယောက်ကတော့ အဲ့နေရာမှာ ပွဲချင်းပြီးပါပဲ။” လို့ တောင်ညိုစစ်ကြောင်းတာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး ခဏအကြာ ညနေ ၃နာရီနဲ့ ၄နာရီလောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပထမထိတွေ့မှုဖြစ်ထားတဲ့နေရာကို နယ်မြေရှင်းလင်းရေးလာလုပ်ရင်း တောင်ညိုစစ်ကြောင်း ရဲဘော်တွေနဲ့ ထပ်​​မံထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ကတိုက်တယ်။ ပြီးတော့ ပြန်ဆုတ်တယ်။ ဒီကောင်တွေက အဲ့နားကို နယ်မြေပြန်ရှင်းတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတစ်ဝိုက်ကို ပြန်ရှင်းတာပေါ့။ အဲ့မှာ ကျနော်တို့က ရှေ့ကစောင့်ပြီး ထပ်ပစ်တယ်ပေါ့။ ခြုံခိုပြောက်ကျားနည်းနဲ့ပစ်တာပါ။” လို့ တောင်ညိုစစ်ကြောင်းတာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
အဲ့ဒီနေ့ ညနေ ၄နာရီခွဲလောက်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တောင်ညိုစစ်​ကြောင်းတို့ ရဲတံခွန်ရွာအနီးမှာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။ ရဲတံခွန်ရွာအနီး စစ်ကြောင်းလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေ ထပ်ပြီး ပြောက်ကျားတိုက်ခိုက်ခံခဲ့ရတာပါ။
စက်တင်ဘာလ၁၇ရက်၊ မနေ့က တစ်ရက်တာ ထိတွေ့တိုက်ပွဲ၃ကြိမ်မှာ တောင်ညိုစစ်ကြောင်းရဲ့ ကြားဖြတ်ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ယောက်သေပြီး ၄ယောက်ထိခိုက်ဒဏ်ရာရခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ရက်နေ့ကလည်း အတွင်းစခန်းကြီးရွာနဲ့ အပြင်စခန်းကြီးရွာကြားက ရွာလမ်းမပေါ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ ဖော်ထုတ်ရခဲ့တာကြောင့် ရင်ဆိုင်ရနိုင်တဲ့မိုင်းကြောင့် အရပ်သားတွေ အသွားအလာဂရုစိုက်ဖို့ကိုလည်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါသေးတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်လအတွင်း တစ်ဒေါ်လာ ၂၅၀၀ ကျပ် နီးပါးအထိ ကျဆင်း

ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။
Read More

ပုလဲတွင် စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ အရပ်သား ၂ သောင်းကျော် စစ်ရှောင်နေရ၊ အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၂၅ ရွာက အရပ်သား ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းဖော်ပြပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း ပကဖနဲ့ ပအဖ တွေက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ် (ဓာတ်ပုံသတင်း)

ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ရွာတွေကို ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်တွင် စစ်အုပ်စု စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ရှိနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ တစ်လကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လေကြောင်းရန်ကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ​ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။