မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးရွာကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ရောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ Taung Nyo Column -P29906 အဖွဲ့ထံက သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်က နေ့လယ်ပိုင်းက အတွင်းစခန်းကြီးရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းမှ ပျောက်ကြားစတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခြုံခိုပြီး ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ရဲတံခွန်ရွာအနီး ထပ်မံလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပျောက်ကြား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Taung Nyo Column -P29906 (တောင်ညိုစစ်ကြောင်း)မှ လုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။