မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးရွာကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ရောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ Taung Nyo Column -P29906 အဖွဲ့ထံက သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်က နေ့လယ်ပိုင်းက အတွင်းစခန်းကြီးရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းမှ ပျောက်ကြားစတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခြုံခိုပြီး ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ရဲတံခွန်ရွာအနီး ထပ်မံလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပျောက်ကြား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Taung Nyo Column -P29906 (တောင်ညိုစစ်ကြောင်း)မှ လုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန်ဂေါ့မြို့နယ် မြောက်ခင်ရန်းပျူစခန်းကနေ ထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက Fixed Wing ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဗန်းမောက်တိုက်နယ်အတွင်း စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမျှဝေ (ရုပ်/သံ)

ဗန်းမောက်တိုက်နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေကို အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဗန်းမောက် မြို့နယ် ပကဖ အဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာမျှဝေမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံမှ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-အရာတော်လမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သားနှင့်ပျူ ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော်တပ်ရင်း ၈၀၄၊ နေပြည်‌တော်ဒရုန်းအဖွဲ့၊ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ Vest တွေကို ဝယ်ပြုနိုင်ဖို့ Shield For Three ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း စစ်ကော်မရှင်ကပ်ထားသည့် မဲစာရင်းများကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူလူထုထံသို့ ပန်ကြားချက် (ရုပ်သံ)

'ဒီလိုမုန်တိုင်းဒဏ်မျိုးဟာ သဘာဝဘေးအန္တရာယ်လို ခေါ်ဆိုနိုင်ပေမယ့် စစ်အာဏာရှင်စနစ် အဆက်ဆက် အကျင့်ပျက်ခြစားမှုများရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီး အကျိုးဆက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်နိုင်ငံများထက် ပိုမိုထိခိုက်ခံစားနေရတာဖြစ်ပြီး ဘေးအန္တရာယ် ကို ရင်ဆိုင်ကြုံတွေ့လာရချိန်မှာလည်း ကြိုတင်ပြင်ဆင်မှု မရှိတဲ့အပြင် ပြည်သူလူထုကို တိုက် ခိုက်သတ်ဖြတ်ဖို့သာ အာရုံစိုက်တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကောင်းစွာ မဆောင်ရွက်နိုင်တာဖြစ်ပါတယ်''