ရေလွှမ်းမိုးမှုလျော့ပါးရေး စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ကပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားမှုနဲ့အတူ တဆက်စပ်ထဲမှာပဲ မဲခေါင်မြစ်ကြောက နိုင်ငံတွေ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ဘက်က ငြင်းဆိုထားကြောင်း စက်တင်ဘာလ ၁၇ ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
မုန်တိုင်းနဲ့ အမြင့်ပိုင်းဒေသတွေကနေ သံလွင်မြစ်ထဲကို ရေစီးဝင်မှုကြောင့် မြန်မာပြည်ဟာ ရေလွှမ်းမိုးမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရတာဖြစ်ပြီး ရေလွှမ်းမိုးမှုလျော့ပါးစေရေး ရေဝေရေလဲဧရိယာတွေ ချဲ့ထွင်ဖို့ နှစ်နိုင်ငံအကြားနည်းလမ်းရှာသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်က ပြောဆိုထားပါတယ်။
၎င်းရဲ့အဆိုအရ ရေဝေရေလဲဧရိယာတွေအဖြစ် ပြောင်းလဲဖို့ သင့်တော်တဲ့နေရာတွေ သတ်မှတ်နိုင်ရေး နှစ်နိုင်ငံအကြား အေဂျင်စီတွေအနေနဲ့ နည်းပညာဆိုင်ရာ အသေးစိတ်ကျကျ ဆွေးနွေးညှိနှိုင်းနိုင်အောင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
လက်ရှိရေလွှမ်းမိုးမှုအခြေအနေဟာ မဲခေါင်မြစ်ကြောက နိုင်ငံတွေအားလုံးကို သက်ရောက်နေတာဖြစ်ပြီး မြန်မာပြည်နယ်စပ်မြို့ တာချီလိတ်မှာ နှစ်သုံးဆယ်အတွင်း အဆိုးရွားဆုံးရေကြီးမှု ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
မဲခေါင်မြစ်ကမ်း နှစ်ဖက်စလုံးမှာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံလုံးက အဆောက်အအုံတွေ ဆောက်လုပ်ထားတာကြောင့် ရေလမ်းကြောင်း ကျဉ်းမြောင်းတိမ်ကောပြီး ရေနုတ်မြောင်းပြဿနာတွေကို ပိုမိုဆိုးရွားစေကြောင်း၊ ရေလွှမ်းမိုးမှုကို ရေရှည်တားဆီးနိုင်ဖို့ ၎င်းအနေနဲ့ ရေစီမံခန့်ခွဲရေး နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတွေကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကတဆင့် အဆိုပြုသွားမှာဖြစ်ကြောင်း မစ္စတာမာရစ်က ပြောပါတယ်။
တချိန်တည်းမှာပဲ တရုတ်အနေနဲ့ မဲခေါင်မြစ်ထဲကို ရေလွှတ်ချခြင်း မရှိကြောင်း၊ မဲခေါင်မြစ်တောင်ပိုင်းက ရေကြီးရေလျှံမှုတွေဟာ တရုတ်ရဲ့ ကျင်းဟုန်ဆည်က ရေတွေကြောင့်မဟုတ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း “မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံမှာ ရေကြီးရေလျှံမှုတွေအတွက် အချင်းချင်း အပြစ်တင်ထားပြီး တကယ်တမ်းလက်သည်မှာ တရုတ်ရဲ့ ဆည်ရေလွှတ်မှုဖြစ်ကြောင်း” ဖော်ပြထားတဲ့ ကာတွန်းလက်ရာတခု လူမှုကွန်ရက်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပြီးတဲ့နောက် တရုတ်သံရုံးက အခုလို ငြင်းချက်ထုတ်ခဲ့တာပါ။
တရုတ်အနေနဲ့ ကျင်းဟုန်ဆည်ကထွက်လာတဲ့ ရေပမာဏကို အစဉ်အမြဲထိန်းချုပ်ထားကြောင်းနဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ၊ အကျိုးဆက်တွေနဲ့ပတ်သက်ပြီး မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေနဲ့ ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ ဆန္ဒရှိကြောင်း တရုတ်သံရုံးရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ပို့စ်မှာ ဆိုထားပါတယ်။
Ref- BankgkokPost/ Maris in talks with Myanmar
ဓာတ်ပုံ- အင်တာနက်မှာ ပြန့်နှံနေတဲ့ မဲခေါင်မြစ်ရေကြီးခြင်း၏ အဓိကလက်သည်က တရုတ်ရဲ့ ဆည်ရေလွှတ်မှုဖြစ်ကြောင်း ဖော်ပြထားတဲ့ ကာတွန်းလက်ရာတခု
0 Shares:
You May Also Like
Read More

ချင်းမိုင်တွင် တစ်လ ဘတ် ၁၂၀,၀၀၀ ဖြင့် ငှားရမ်းထားသည့် နေအိမ်အတွင်းမှ ကျားဖြန့်ဂိုဏ်းကို ထိုင်းရဲ ဝင်ဖမ်း၊ တရုတ် ၂၀ ဦး ဖမ်းမိပြီး ၁၀ ဦး ထွက်ပြေး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ မယ့်ရင်မှာ ထိုင်းရဲတပ်ဖွဲ့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား အယောက် ၂၀ ကို သက်သေခံပစ္စည်းတွေနဲ့တကွ ဖမ်းမိကြောင်း ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မြန်မာအမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိ…

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မတ်လ ၁၂ ရက်က တွေ့ရှိခဲ့တဲ့ မြန်မာအမျိုးသား ၁ ယောက်ရဲ့အလောင်းဟာ သေဆုံးနေတာ ငါးရက်ရှိပြီလို့ ဆေးစစ်ချက်ထွက်လာပြီး လက်ရှိမှာ သေဆုံးသူနဲ့ အတူနေထိုင်တဲ့ သံသယရှိသူနှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြောင်းဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းကိုပြော

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို ထိုင်းကုန်စည်တွေ တင်သွင်းမှု တင်းကျပ်ထားတဲ့ အာဏာသိမ်းစစ်တပ်က ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၎င်းတို့ကုန်စည်တွေကို ရနောင်းနဲ့ မယ်ဆိုင်နယ်စပ်ဂိတ်တွေကနေ တင်သွင်းဖို့ ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၃ဦးနှင့် ဘတ်ငွေ ၄၆သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ယောက်ကို ထိုင်းဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။