မုံရွာ-အရာတော် လမ်းပိုင်းအတွင်း စစ်ကြောင်းထိုး အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေနဲ့ ယာဉ်တန်းကို ရာသီဥတု အခက်အခဲတွေကြားက စက်တင်ဘာလ ၄ ရက်ကနေ ၉ ရက်အထိ တော်လှန်ရေးတပ်ဖွဲ့တွေက ရက်ရှည်ကင်းပုန်းဝပ်ပြီး ပြောက်ကျားတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု များပြားပေမယ့် အရေအတွက်အတိအကျကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာခရိုင် အမှတ် (၁) တပ်ရင်း တို့ ဦးဆောင်ပြီး တိုက်နယ် ပကဖ၊ ရပ်ကျေးပကဖနဲ့ အခြား Local မဟာမိတ် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရေတာရှည်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ နေပြည်တော် PDF က ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန ၊ နေပြည်တော်PDF ၊ တပ်ရင်း (၉၀၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် စရဖ တပ်ကို AA သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းထွက်ပေါ်နေ

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ရင်း စရဖတပ်ကို ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အမှတ် ၃၇၄ အမြောက်တပ်နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ် COD ကို ထိုးစစ်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူ PDF ၊ ပွင့်ဖြူ ပကဖ နဲ့ Yenanthar Youth Force တို့ရဲ့ စုပေါင်းကထိန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း (ပွင့်ဖြူ PDF) ၊ Yenanthar Youth Force နဲ့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စုပေါင်းကထိန်ပြုလုပ်ခဲ့တယ်လို့ ပွင့်ဖြူ PDF က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နတ်အိမ်တောင်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ၄ ဦး သေပြီး လက်နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ( ၃၃ ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် KNDF တပ်ရင်းအမှတ် (၃၄) မှ ရဲဘော် ခူးမီရယ်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၃၄)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်က အကြမ်းဖက်စစ်တပ်ရဲ့ မတရားချုပ်နှောင်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။