ကုလ၊ အာဆီယံ အပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ သဘာ၀ဘေးနဲ့ စစ်ဘေးတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ကုလသမဂ္ဂ၊ အာဆီယံ နဲ့ နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ စစ်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်တွေအပေါ် လျစ်လျူရှူမနေဘဲ အမြန်ဆုံးကူညီပေးဖို့ နှိုးဆော်ထားတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို NUCC က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
နိုင်ငံတကာဥပဒေတွေအရ တာဝန်ရှိတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပူးပေါင်းပြီး နိုင်ငံဖြတ်ကျော်နည်းလမ်းတွေနဲ့အတူ အမြန်ဆုံးပံ့ပိုး ဆောင်ရွက်ပေးဖို့အတွက်လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အလေးအနက်ထား တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လူမှုစီးပွားဘဝ ချွတ်ခြုံကျမှုတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုအနေနဲ့ ကပ်ဘေးအန္တရာယ်နဲ့ပါ ဆက်လက်ရင်ဆိုင်ရခြင်းကြောင့် ဆင်းရဲဒုက္ခများစွာ ခံစားနေရမှာကို ထပ်တူစာနာ နားလည်မိတယ်လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတဝန်းလုံးက ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်မှုဘေး၊ သဘာဝဘေးတွေနဲ့ လူလုပ်ကပ်ဘေးတွေအပေါ် သွေးစည်းညီညွတ်မှုနဲ့အတူ ဆက်လက် လက်တွဲရင်ဆိုင်ကြဖို့လည်း NUCC က အားပေးတိုက်တွန်းထားပါတယ်။
ဆိုးဝါးပြင်းထန်တဲ့ ရေကြီးမှု၊ မြေပြိုမှု ဖြစ်စဉ်တွေအတွင်း အသက်ဆုံးရှုံးရသူတွေ၊ ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် NUCC က ဝမ်းနည်းကြေကွဲရတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး အေဂျင်စီရဲ့အဆိုအရ ရေကြီးရေလျှံမှုဟာ မြန်မာပြည်သူ ၆၃၁၀၀၀ ဝန်းကျင်ကို ထိခိုက်စေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြေပြင်သတင်းတွေအရ ထိခိုက်သေဆုံး ပျောက်ဆုံးမှုတွေဟာ ဆက်လက်မြင့်တက်နေဆံဖြစ်ပြီး အကူအညီလိုအပ်နေသူတွေလည်း များပြားလျက်ရှိနေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အရပ်သားများကို ဗုံးကြဲနေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ စိတ်ကူးလို့တောင်မရဘူးဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို ထောက်ပြပြီး အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုက နောက်လမှာလုပ်မယ့် ရွေးကောက်ပွဲကို စိတ်ကူးလို့တောင်မရဘူးလို့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ဒေသတွင်း ခေါင်းဆောင်နေရာပြန်ယူရန် အသင့်ပဲဟု ထိုင်းပြော

ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။
Read More

မြန်မာအပါအဝင် ၄၁ နိုင်ငံကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ဖွယ်ရှိ

အမေရိကန် ထရမ့်အစိုးရက တားမြစ်ချက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ Reuters က မြင်တွေ့ရတဲ့ လှို့ဝှက်မှတ်စုတခုကို ကိုးကားပြီး Reutres သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ထုတ်ပြန်…

ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။