မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီတပ်က တပ်ကြပ်ကြီးတစ်ယောက်ဟာ အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းဆီ စက်ကလေးခေါ် MA-2 လက်နက်၊ ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့ပါတယ်။
အခုလို ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်ပူးပေါင်းခဲ့တဲ့ အဲ့ဒီစစ်ကောင်စီတပ်သားကို ယူဆောင်လာခဲ့တဲ့ လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်ဟာ အကြမ်းဖက်စစ်တပ်ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေတဲ့ကာလဖြစ်ပြီး
စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေ၊
ရဲတပ်သားတွေ အနေနဲ့ မိမိအသက်အာမခံချက်ရရှိအောင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးဝင်ရောက်ခိုလှုံကြဖို့ ဆော PDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 
Read More

တော်လှန်ရေးတပ်ပေါင်းစုရဲ့ ချေမှုန်းမှုမခံရခင် ဘီလူးစစ်ကြောင်းအပါအဝင် စစ်အုပ်စု ဘာတွေကျူးလွန်ခဲ့လဲ၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှာ မူးယစ်ဆေးစွဲသူတွေပါဝင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင်၊ မီးရှို့၊ လူသတ်၊ ပစ္စည်းလု လုယက်တာတွေ လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက စည်းလုံးမှုအင်အားနဲ့ ဖြတ်တောက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော် က မောင်းကိုပြောပါတယ်။
Read More

အရပ်သားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် ပျူစောထီး၊ အုပ်ချုပ်ရေးဝန်ထမ်းများကို အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေကို အရှင်ဖမ်းဆီးရမိထားကြောင်း အင်းတော်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ခန္တီးမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား၊ စစ်တပ်က ၂၂ ယောက် သေပြီး ၃ ယောက် အရှင်မိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားရာ စစ်တပ်ဘက်က ၂၂ ယောက် သေဆုံးပြီး ၃ ယောက် အရှင်မိခဲ့တယ်လို့ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရေစကြိုစစ်အုပ်စုများ လက်နက်ကြီးပစ်ခတ်မှုနှင့် လူဖမ်းဆီးမှု ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။