စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို အသာစီးရဖို့ လေတပ်စခန်းတွေမှာ လေယာဉ်ဆီဂါလံ သိန်းနဲ့ချီဆန့်တဲ့ ဆီသိုလှောင်ကန်တွေကို တည်ဆောက်နေပြီး ရေလမ်းခရီးတွေကနေ စစ်လက်နက်၊ ရိက္ခာတွေကို အလုံးအရင်းနဲ့ ဖြည့်တင်းပြင်ဆင်နေတယ်လို့ CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီးတွေက ပြောပါတယ်။
လေယာဉ်ဆီ ဂါလံသိန်းနဲ့ချီတဲ့ သိုလှောင်ကန်တွေကို တည်ဆောက်နေပြီး မြစ်ကြောင်းတွေအတိုင်း စုန်ဆင်းကာ သက်ဆိုင်ရာအထိုင်စခန်းတွေဆီ လက်နက်ရိက္ခာတွေ ဖြည့်တင်းနေတယ်လို့ တပ်တွင်းက ရရှိလာတဲ့ သတင်းအရင်းအမြစ်တွေကို အခြေခံပြီး CDM ဗိုလ်ကြီးတွေက Breaking Brainwashed အစီအစဉ်မှာ ပြောကြားလိုက်တာပါ။
စစ်ကောင်စီဟာ လတ်တလော မကွေးလေတပ်စခန်းဌာနချုပ်မှာ လေယာဉ်ဆီ ဂါလံတစ်သိန်းခွဲဆန့်တဲ့ သိုလှောင်ကန်တည်ဆောက်နေပြီး လေယာဉ်ဆီ ကြိုတင်စုဆောင်းမှုတွေ ပြုလုပ်နေကြောင်းလေတပ်က CDM တပ်ကြပ်ကြီးဖြစ်သူ နေဝင်းအောင်က ပြောပါတယ်။
ဂါလံတစ်သိန်းခွဲဆန့်တဲ့ ဆီသိုလှောင်ကန်ဟာ ဆီဘောင်ဆာကား ၁၅ စီးစာလောက်နဲ့ညီမျှပြီး တချို့သော လေတပ်စခန်းတွေမှာလည်း လုပ်ဆောင်နေမှုတွေ ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုပါတယ်။
တိုင်းပြည်မှာ နိုင်ငံခြားငွေတွေ ပြတ်လတ်နေပြီး ပြည်သူတွေထံမှာ စက်သုံးဆီတွေ ပြတ်တောက်လာချိန်မှာ စစ်ကောင်စီ လေယာဉ်အတွက်လိုအပ်တဲ့ လောင်စာဆီတွေကို အကြီးအကျယ်ဖြည့်တင်းနေခြင်း ဖြစ်တယ်လို့ CDM စစ်အရာရှိတွေကဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ဆက်တိုက်တောင်းဆိုနေတဲ့ လေယာဉ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုတွေကြောင့် နောင်ပိုင်းမှာ လေယာဉ်ဆီဝယ်ယူဖို့ ခက်ခဲလာမှာကို ကြိုတင်တွေးဆပြီး စစ်ကောင်စီက ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ဧရာ၀တီမြစ်ကြောင်းတလျှောက်မှာ စစ်ရေယာဉ်တွေနဲ့ လက်နက်၊ ရိက္ခာဖြည့်ဆည်းမှုတွေကို ဩဂုတ်လနှောင်းပိုင်းကစတင်ပြီး ပိုမိုဖြည့်တင်းလာတယ်လို့ ဆိုပါတယ်။
ကုန်းလမ်းခရီးကနေ ရိက္ခာတွေပေးပို့မှုဟာ မကြာခဏ တော်လှန်ရေးအင်အားစုတွေရဲ့ ဖြတ်တောက်ပိတ်ဆို့မှုတွေကြောင့် ရေလမ်းခရီးကနေ ပိုမိုအသုံးပြုလာခြင်းလည်း ဖြစ်ပါတယ်။
ရေလမ်းကနေ လက်နက်ရိက္ခာတွေပေးပို့မှုကို လတ်တလောအနေနဲ့ ရွှေကူကနေ ဗန်းမော် ရေလမ်းကြောင်းကို အဓိက အသုံးပြုပေးပို့နေတယ်လို့ CDM ဗိုလ်ကြီးနောင်ရိုးက ဆိုပါတယ်။
ဒါ့အပြင် ရန်နိုင်မင်းစစ်ဆင်ရေးအနေနဲ့ တစ်နိုင်ငံလုံး ရေကြီးနစ်မြုပ်တဲ့ သဘာ၀ဘေးနဲ့ ကြုံတွေ့နေစဉ်မှာတောင် စစ်တပ်က ပိုမိုအားစိုက်ပြီး လေကြောင်းကနေ တိုက်ခိုက်နေလို့ အရပ်သားပြည်သူတွေ နေ့စဉ်သေကြေနေရတယ်လို့လည်း CDM ဗိုလ်ကြီးတွေကဆိုပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်မဲပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီ ဗုံးကြဲချ၊ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး ကျန်မားရေးဝန်ထမ်းတွေနဲ့ CDM ဝန်ထမ်းတွေအပါ အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးကာ စောင်၊ ခြင်ထောင်များ ထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး စောင်‌နဲ့ ခြင်ထောင်တွေ ထောက်ပံ့‌ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ဥက္ကလာပ ၁၄ရပ်ကွက်ရုံးကို ပကဖတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က အမဗတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတွေထိခိုက်နိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ဝန်းသိုမြို့နယ်အတွင်း NUG အစိုးရ လူထုထောက်ပံ့မှုနှင့် အသိပညာပေးမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေနဲ့ ဆရာဆရာမတွေအပါအဝင် ကျောင်းသူကျောင်းသားတွေကို ထောက်ပံ့ကူညီမှုတွေနဲ့ အသိပညာပေးဟောပြောမှုတွေကို အခု စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။