တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ လေယာဉ်ဆီပေပါတွေ တင်ဆောင်ကာ ထား၀ယ်ကို မောင်းနှင်လာတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး ပကဖ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက လေယာဉ်ဆီတင်ဆောင်လာပြီး ထား၀ယ်မြစ်အတွင်း ရောက်ရှိလာတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို လောင်းလုံးပကဖရဲဘော်တွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီစက်လှေနှစ်စီးပေါ်မှာ လေယာဉ်ဆီပေပါတွေ တင်ဆောင်လာပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ယောက်စီ လိုက်ပါလာခဲ့တယ်လို့ လောင်းလုံး ပကဖ က ဆိုပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိမရှိကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေမှ အပတ်စဉ် (၁/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့တဲ့ အပတ်စဉ်(၁/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနား ပုံရိပ်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေနံချောင်းရှိ ရှေးဟောင်းဘုရားပေါ် စစ်အုပ်စု စက်တပ်လေထီးဖြင့် ပစ်ခတ်၊ စေတီများပျက်စီးပြီး ပြည်သူတစ်ဦး ဒဏ်ရာရ

“ဘုန်းကြီးကျောင်းထက်စာရင် ရှေးဟောင်းစေတီ ၂ဆူ ပျက်စီးသွားတာရှိတယ်၊ ဒေသခံက ဘယ်လိုထိခိုက်သွားလဲဆိုတော့ သူက အဲ့နားဝန်းကျင်မှာ နွားကျောင်းနေတာ၊ နွားကျောင်းရင်းထိသွားတာ” လို့ ရေနံချောင်း PDF တာဝန်ခံ စံရှားက မောင်းကို ပြောပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်၊ စစ်တပ်က ၅ ဦးသေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ၊ စစ်ကူပေးဖို့ လက်နက်ခဲယမ်းသယ်လာသည့် စစ်ကောင်စီတပ် စစ်ကား ပေါက်ကွဲမှုဖြစ်ပွား၊ စစ်သား ၂ ဦးသေပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်က ၅ ယောက် သေပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO / PIA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီရဲ့ တောင်ခမ်း အမြောက်တပ်နဲ့ မကျီးရေရွာအနီး TNLA နဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတဝိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနဲ့ မကျီးရေရွာအနီးတဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။