ဧရာဝတီတိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုလုပ်ကိုင်မှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဒါ့အပြင် အဲဒီ အရာရှိ ၅ယောက်ကို ဖမ်းဆီးစစ်ဆေးတဲ့နေရာမှာ တရားမဝင် ကျွန်းသစ်ခိုးယူ တင်သွင်းမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ဗိုလ်မှူးကြီးအဆင့်ရှိသူ မျိုးညွန့်ဦး၊ စစ်ဦးစီးပထမတန်းအဆင့် ဒုဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒုဗိုလ်မှူးကြီးအဆင့် ကျော်စွာထွန်းနဲ့ တပ်ရင်းမှူးအဆင့် ၂ယောက်၊ စုစုပေါင်း ၅ ယောက်ကို အကြမ်းဖက်စစ်တပ် စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ် စရဖ က ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်” လို့ နတခ စစ်ဌာနချုပ်နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။
ဧရာဝတီတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်ရင်းဖွဲ့စည်းပုံအင်အားကို စာရင်းလိမ်လည် ဖော်ပြမှုတွေ ရှိနေပြီး ရှေ့တန်းစစ်မြေပြင် မလိုက်ရဖို့ တိုင်းစစ်ဌာနချုပ်နဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပါ ယာယီထိန်းသိမ်းထားတယ်။ နတခ G1 ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ ခြံမြေကွက် ၁၂ ကွက်၊ ဘဏ်စာအုပ် ၃အုပ်၊ KTV ဆိုင် ၁ဆိုင်၊ အခေါက်ရွှေ ၄တုံး ကိုပါ သိမ်းဆည်းလိုက်တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ G1 အဆင့်ရှိသူကိုတော့ ရန်ကုန်မြို့က မင်္ဂလာဒုံတပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ရာမှာလည်း ထုတ်နုတ်အင်အားတွေနဲ့သာ ပို့ဆောင်နေပြီး တပ်ရင်းတပ်ဖွဲ့အလိုက် လိုအပ်တဲ့ အင်အားပမာဏ မပြည့်မီလို့ အထက်က ဝင်ရောက်စစ်ဆေးရင်း စက်သုံးဆီနဲ့ ကျွန်းသစ် တရားမဝင် မှောင်ခိုလုပ်ကိုင်မှုတွေပါ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့
0 Shares:
You May Also Like
Read More

နောင်ချိုနှင့် ကျောက်မဲတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်  ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ မင်းတပ်မြို့နယ်မှာ စစ်တပ်လုံး၀ ကင်းစင်ပြီဖြစ်…

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပြင်းထန်စွာဖြစ်ပွားနေသည့် နတ်ရေကန်အနီးတိုက်ပွဲအတွင်း CDF တပ်သားတစ်ယောက် ကျဆုံး

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပေါ်ရှိ၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်အနီးတိုက်ပွဲအတွင်းမှာ CDF တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ Chin Defence Force - Asho တပ်ဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်ဆလိုင်းရဲမင်းထွန်း ကျဆုံးသွားတယ် လို့ Chin Defence Force - Asho တပ်ဖွဲ့ရဲ့ အမိန့်ပြန်တမ်းမှာ ထုတ်ပြန်ထားတာပါ။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
Read More

ကျုံပျော်မှာ ကိုယ်မြို့ကိုယ်ကာကွယ်ဖို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ဒေသခံတွေကို စစ်သင်တန်းပေးနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း ကိုယ့်မြို့ကိုယ် ကာကွယ်ဖို့ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ နှစ်အတွင်း ဒေသခံတွေကို တစ်ရွာ အယောက် ၅၀ နှုန်းနဲ့ အာဏာသိမ်းစစ်တပ်က စစ်သင်တန်းတွေ ပို့ချနေတယ်လို့ သိရပါတယ်။
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။