ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သား ၃ ယောက်ဟာ စက်တင်ဘာလ ၁၆ ရက် နေ့လည်ပိုင်းမှာ Chinland Council ထံ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သား ၃ ယောက်ဟာ G-3 အမျိုးအစား သေနတ် ၄ လက် ၊ ကျည်ဘောက်တွေ၊ ကျည်ဆံ အမြောက်အမြားနဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဆုချီးမြှင့်ပေးသွားဖို့ ရှိနေပြီး လွတ်မြောက်နယ်မြေတစ်နေရာကို ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
