ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၀)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ယောက်သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၈ယောက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁၄ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာ၊ ရွာဘုန်းကြီးကျောင်းဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ PDF တပ်ရင်း (၃၇၀၃) တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ရာ အချိန် ၄ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ခမရ (၃၅၀)တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ဖြိုးအာကာကျော်အပါအဝင် ၈ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
ထပ်မံအတည်ပြုချက်အရ ဒုတပ်ရင်းမှူး ဖြိုးအာကာကျော်ဟာ ဒူးဒဏ်ရာ အပြင်းအထန်ရရှိပြီး ဖြတ်တောက်ပစ်လိုက်ရတယ်လို့လည်း တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ရက်နေ့တုန်းကလည်း ပုစွန်မြောင်းကျေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီပွဲမှာတော့ စစ်​ကောင်စီဘက်က ၃ယော​က်သေပြီး ၁၆ယောက်နီးပါးထိခိုက်ဒဏ်ရာရသွားကြတယ်လို့ သိရပါတယ်။
အိမ်ခြေ ၁၆၀၀ နီးပါးနဲ့ လူဦးရေ ၇ထောင်လောက် နေထိုင်ကြတဲ့ ပုစွန်မြောင်းရွာကို စစ်ကောင်စီတပ်တွေက မကြာခဏဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသူတွေ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိရေဘေးသင့်နေတဲ့ ပဲခူးတိုင်းထဲက ကျေးရွာတွေထဲမှာလည်း ပုစွန်မြောင်းကျေးရွာ ပါဝင်နေပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်တွေအနေနဲ့ ပုစွန်မြောင်းကျေးရွာထဲ ဝင်ရောက်တပ်စွဲထားပြီး ဒေသခံပြည်သူတွေကိုအကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အရပ်သားပိုင်ပစ္စည်းခိုးယူတာတွေ နဲ့ နေအိမ်အဆောက်အအုံ ဖျက်ဆီးတာတွေကိုပဲ လုပ်ဆောင်နေတယ်လို့ တောင်ပိုင်းစစ်ဒေသက​ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကော့သောင်းနှင့် ခမောက်ကြီးတွင် ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား

တနင်္သာရီတိုင်း၊ ကော့သောင်းနဲ့ ခမောက်ကြီးမြို့နယ်မှာ ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

မတ္တရာရှိ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ အားဖြည့်ကူညီ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေဆီ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

၃၁ ဦး သေဆုံးထားသည့် လက်ပံလှကျေးရွာကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။