ပခုက္ကူမှာ ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
စက်တင်ဘာ ၁၆၊ ၂၀၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မရဲရွာအနီးက ပျူစောထီး ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Yesagyo Revolution Group (YRG) အဖွဲ့က ထုတ်ပြန်ပါတယ်။
ဆင်မရဲကျေးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ခန့်ဟာ ဆင်မရဲဂိတ်ကို ရောက်ရှိလာချိန် စက်တင်ဘာလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကူတွေ ထပ်မံရောက်ရှိလာတာကြောင့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဆိုင်ကယ် ၂ စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Yesagyo Revolution Group (YRG) အဖွဲ့နဲ့ ပခုက္ကူ ခရိုင် တပ်ရင်း (၁၆) က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းတပ်မြို့နယ် ကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်ကလေးငယ် ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း ‌(၁) နှစ်ပြည့် ကျန်ရစ်သူ ရဲဘော်ရဲဘက်များ ဦးညွှတ်အလေးပြု

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) က လွန်ခဲ့တဲ့ (၁) နှစ်က ကြွေလွင့်သွားခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန ဌာနမှူး ရဲဘော်ကိုသန်းထိုက် (ခ) ညီညီ ကျဆုံးခြင်း‌(၁)နှစ်ပြည့်မှာ ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ရဲ့ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် က ရှေ့တန်း၊ နောက်တန်းနဲ့ အခြေခံစစ်သင်တန်းတွေအပါ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

Sky Villa တွင် စစ်ကိုင်းငလျင်အပြီး ၄ လခွဲကျော်ကြာမှ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးအပြီး ၄ လခွဲကျော် ကြာချိန်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ရှိ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။