နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၁၀ ကျော်သွားပြီဖြစ်ကာ ၆၄ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးက ဒီနေ့ စက်တင်ဘာ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၁၃ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် မြန်မာတစ်နိုင်ငံလုံးက မြို့ပေါင်း ၃၀ ကျော်မှာ လူဦးရေ နှစ်သိန်းလေးသောင်းခန့် ရေဘေးကြုံတွေ့နေရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြို့နယ်ပေါင်း ၃၄ မြို့နယ်က အိမ်ထောင်စု ခြောက်သောင်းနီးပါး (၅၉,၄၁၃) နဲ့ လူဦးရေ သုံးသိန်းနီးပါးဟာ ကူညီကယ်ဆယ်ရေးစခန်း ၃၀၀ ထက်မနည်းမှာ ခိုလှုံနေရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကူညီကယ်ဆယ်ရေးတွေ မရောက်ရှိလို့ ကျေးရွာတွေအတွင်း ပိတ်မိသူတွေရှိနေသလို ရွာလုံးကျွတ် ရေကြီးရေလျှံမှုကြောင့် ပျောက်ဆုံးမှုတွေလည်းရှိနေတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။
ရေဘေးကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူဟာ လက်ရှိမြေပြင်သတင်းတွေအရ ရာဂဏန်းနီးပါးရှိပြီး အရေအတွက် ထပ်မံမြင့်တက်နိုင်သေးကြောင်း လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ခန့်မှန်းကြပါတယ်။
အထူးသဖြင့် ရေကြီးမြေပြိုမှုတွေဟာမန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဆိုးဆိုးရွားရွား ကြုံခဲ့ရပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးတွေလုပ်ဆောင်နေရဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။
စစ်ကောင်စီက ရေဘေးအတွက်ဆိုပြီး အလှူခံမှုတွေ ရှိနေပေမယ့် ပြည်သူအများစုက ကိုယ့်အစီအစဉ်နဲ့ကိုယ် အလှူခံမှုတွေပြုလုပ်ပြီး ရေဘေးသင့်ဒေသတွေထံ တိုက်ရိုက်လှူဒါန်းမှုတွေ ပြုလုပ်နေကြပါတယ်။
0 Shares:
You May Also Like
Read More

တောင်သာ ရုံးစည်ကြီးစခန်းကို PDF ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၆ ဦး သေ၊ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့၊ ခဲယမ်းကျည် မလုံလောက်မှုကြောင့် စခန်းကို အပြီးသတ်မရရှိခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်အုပ်စုအထိုင်ချရာ ရုံးစည်ကြီးရွာ တိုက်နယ်စခန်းကို တော်လှန်ရေးတွေ ဝင်ရောက်သိမ်းပိုက်မှုမှာ စစ်အုပ်စုဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎၏ တနင်္သာရီတိုင်း တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ဦး အလင်းဝင်ဘက်ပြောင်းခိုလှုံ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ကားကို ရေးဘီးလူးအဖွဲ့ တိုက်ခိုက်ရာ စစ်သား ၃ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၈) လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကာင်စီကားကို တိုက်ခိုက်ရာ စစ်သား ၃ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။
Read More

Simple Blogသာဂေါင်ရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရ 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရေလယ်ကျွန်းဒေသ၊ သာ​ဂေါင်ကျေးရွာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သား၂ယောက် သေဆုံးပြီး ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

သမ္မတရုပ်ရှင်ရုံအနီးက စစ်​ကောင်စီဂိတ်နဲ့ ရွှေပြည်သာ ၁၉ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ သမ္မတရုပ်ရှင်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီဂိတ်နဲ့ ရွှေပြည်သာမြို့နယ် ၁၉ရပ်ကွက်ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်မှု ကိုယ်စီလုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့တွေဆီက သိရပါတယ်။