နွေဦးတော်လှန်ရေးဟာ အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့အတူ အယူအဆဟောင်း၊ အတွေးအခေါ်ဟောင်းတွေကိုလည်း ကျွဲကူးရေပါ တော်လှန်ရင်း လူငယ်တွေရဲ့ နိုင်ငံတော်သစ်တစ်ခုကို ထုဆစ်ပုံဖော်နေကြတာ ဖြစ်ပါတယ်။
မိန်းကလေးဆိုတာ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ ဟောင်းနွမ်းတဲ့ ထင်မြင်ယူဆချက်တွေကို ဆန့်ကျင်ပြီး စစ်အာဏာရှင်တွေ ပြုတ်ကျရမယ်၊ တောခိုရတဲ့ မျိုးဆက်ဟာ ဒါနောက်ဆုံး ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်ပြင်းပြင်းနဲ့ လက်နက်ကိုင်လမ်းစဉ်ထဲ ရောက်လာတဲ့ မွန်အမျိုးသမီးငယ်တစ်ယောက် ရှိပါတယ်။
သူမကတော့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က အမျိုးသမီး တပ်စုမှူး ဖြစ်သလို အမျိုးသမီး ဒရုန်းတပ်ဖွဲ့ ဦးဆောင်သူလည်း ဖြစ်တဲ့ မိတလဉာဏ် ဖြစ်ပါတယ်။
ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းပြီး လက်နက်ကိုင်တဲ့နေရာမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိလဲ၊ တော်လှန်ရေးမှာ အမျိုးသမီးတွေက ဘယ်လောက်အထိ အသုံးဝင်လဲဆိုတာတွေကို သူမက ပြောပြပေးသွားမှာပါ။