ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် (မောင်ကျော်)၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ သေဒဏ်ကြိုးမိန့်ချခံခဲ့ရတဲ့ အမှုမှာ အမှုတွဲအနေနဲ့ ပါဝင်နေတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၅ယောက်ကို လာမယ့် စက်တင်ဘာ၂၄ ရက်နေ့မှာ ပြစ်ဒဏ်စီရင်ချက် ချတော့မယ်လို့ ထောင်တွင်းနီးစပ်သူတွေထံက သိရပါတယ်။
“အင်းစိန် အကျဉ်းထောင်မှာ ကိုမောင်ကျော်အမှုတွဲ သေဒဏ်ပေးထားတဲ့ ကလေးတွေကို ၂၄ ရက်နေ့မှာ သေဒဏ်စီရင်တော့မယ်ကြားတယ်။ အစက မလုပ်ဘူးဆိုပြီး ရွှေ့ထားတာ။ အခုတော့ လကုန်ရက်က ကလေးတွေကို ပေါင်ချိန်ကြတယ်။ လည်ပင်းကို လာတိုင်းကြတယ်တဲ့။ ထောင်ဝင်စာသွားပို့ရင်း သတင်းပေး ပေးကြပါလို့ အထဲက မှာလိုက်လို့ပါ။” လို့ ထောင်တွင်းနီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာ သေဒဏ်စီရင်မယ်လို့ သတင်းတွေ ထွက်ပေါနေတဲ့ နိုင်ကျဉ်း ၅ယောက်ဟာ အမျိုးသား ၄ယောက်နဲ့ အမျိုးသမီး ၁ယောက် ဖြစ်တယ်လို့ ကနဦး သိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့နဲ့ သေဒဏ်ချမှတ်ခဲ့ပါတာပါ။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ဇူလိုင် ၂၃ ရက် မနက် ၃ နာရီမှာ ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်ပြီး ကိုလှမျိုးနဲ့ ကိုအောင်သူရဇော်တို့ကိုတော့ ဇူလိုင် ၂၄ ရက်မှာ ကြိုးပေးလိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို “ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း” ကြေညာစာကို ၂၀၂၂၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်တွင် ရိက္ခာရှာန် ထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦးသေဆုံး…

" တိုက်ပွဲကြာချိန်ကတော့နာရီဝက်လောက်ထိ ထိတွေ့မှုဖစ်ပါတယ်၊ထိခိုက်သေဆုံးမှုကတော့ကျွန်တော်တို့မျက်မြင်၂ရောက်ဖစ်ပါတယ်အခြာကဆက်လက်စုံစမ်းနေတုန်းပါ ၊ သူတို့ရိက္ခာပျက်သောက်တာကခန့်မှန်းခြေအရ၅ရက်လောက်ရှိပြီး " လို့ RED GIANTတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူ ဒေါင်းနီက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ဟွန်ဒီလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာလို့ ဒေါ်လာစျေးပြန်ကျ

တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်ဇောသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြီးတဲ့နောက် ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ စျေး အနည်းငယ် ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင် ထားဝယ်တွင် လုံခြုံရေးအပြည့်ဖြင့် မြို့တော်ခန်းမ ဖွင့်လှစ်၊ သူရောက်နေစဥ် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က စက်တင်ဘာ ၁၈ရက်မှာ ထားဝယ်မြို့ကို ရောက်ရှိလာပြီး လုံခြုံရေးအပြည့်နဲ့ မြို့တော်ခန်းမ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀၀ ဦး သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သေဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအချို့ အရှင်ဖမ်းမိ…

ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာစခန်းကနေ သေဘောဘိုး စခန်းအတွက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအချို့ အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။